27 Feb 2012
ဆရာတပည့် အကြား အပြန်အလှန်လေးစားမှု့
The importance of having mutual respect and understanding in education
စာသင်ကြားခြင်းဆိုတာ လူသားတွေဖြစ်တဲ့ကျောင်းသားတွေနဲ့ဆက်ဆံနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာရဲ့အရေးပါပုံကို ဆရာတွေနားလည်ဖို့အရေးကြီးတယ်လို့မြင်မိပါတယ် ။ ဒါကြောင့်လည်း အဲဒါနဲ့ပတ်သက်ပြီးပို့စ်တချို့ကိုရေးပါမယ် ။ ဒီပိုစ့်တွေက ဆယ်ကျော်သက်အရွယ်ကျောင်းသားများနဲ့ စာရေးသူထိတွေ့ဆက်ဆံခဲ့ရတဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီးရေးသားမှာဖြစ်ပါတယ် ။
human touch ရဲ့အရေးပါပုံကိုရေးထားတဲ့ပို့စ်မှာ စာဖတ်သူတယောက်ဖြစ်တဲ့ ko cyberpunk ပေးခဲ့တဲ့ကွန်မန့်ကိုဖတ်ပြီး အခုပို့စ်ကိုဆက်ရေးဖြစ်ပါတယ် ။
သူပေးခဲ့တဲ့ကွန်မန့်ကတော့ ...
Human touch ဆိုတာထက် ကျောင်းသားတွေကို ကိုယ့်ဖာသာပိုပြီးလေ့လာနိုင်အောင် လမ်းဖွင့်ပေးတာက ပိုကောင်းမလားလို့ … အထူးသဖြင့် အိုင်တီနည်းပညာလိုမျိုးပေါ့ … ကျောင်းကသင်တာထက် ကိုယ့်ဖာသာလေ့လာမှ တတ်တာမျိုးလေ … အိုင်တီမှာ ဘွဲ့လွန်တွေရပြီး စစ်စကိုဆိုတာ ဘာမှန်းမသိတဲ့ ပုဂိုလ်တွေလဲ တပုံကြီးပဲ … ဒစ်ပလိုမာ လောက်နဲ့ လုပ်ငန်းခွင်မှာ အလုပ်ဖြစ်နေတဲ့သူတွေလဲ အများကြီးပဲမှလား …
ဥပမာ ကျနော် ကျောင်းတက်တုန်းကပေါ့ … ဆရာတယောက်ရှိဖူးတယ် … တော်တော်ဂရုစိုက်ပါတယ် … ဂရုစိုက်တာထက် နဲနဲတောင် ပိုမလားမသိဘူး … online test တွေ အမြဲတန်းဖြေရတယ် … ဆရာက နေ့တိုင်း စစ်တယ် … အမှတ်မကောင်းရင် ခေါ်ပြောတယ်ပေါ့ … စာမေးပွဲတွေတော့ အောင်ကြပါရဲ့ … ကျောင်းသားတွေက သိပ်သဘောမကျကြဘူး … စာအုပ်ကြီးလိုဖြစ်နေတာကိုး …
ကျောင်းသားတွေလိုချင်တာက ဆွေးနွေးတဲ့သဘောမျိုးပေါ့ … ကျောင်းသားတွေကလဲ မသိတာရှိတာတွေမေးမယ် … ပြီးတော့ သူတို့ သိလာတဲ့ နည်းပညာအသစ်တွေကိုလဲ အတန်းထဲမှာပြောမယ် … ဆရာ့သဘောထားကိုမေးမယ် … အဲဒီနည်းပညာအသစ်မှာ ကောင်းကွက် ဆိုးကွက်တွေဘာရှိလဲ …
အဲဒီထဲမှာ ဆရာမသိတာတွေလဲ ပါမယ် … ကျောင်းသားတွေနဲ့ ဆရာနဲ့ ငြင်းတာတွေလဲရှိမယ် … ဥပမာ .. Linux နဲ့ windows လိုပေါ့ … အားနည်းချက် အားသာချက် အကြိုက်ချင်းမတူတာတွေကို ငြင်းတာလေးတွေရှိချင်ရှိမယ် … အဲဒီမှာ ဘယ်သူ မှားတယ်မှန်တယ်ဆိုတာ မရှိဘူး … နည်းပညာအသစ်တွေကို လေ့လာမိဖို့ပဲလေ … အသစ်တွေကို သိချင်လို့လဲ ဒီပညာကို လေ့လာတာပဲမှလား … အဲဒီလို လေ့လာတတ်အောင် ဆွေးနွေးတတ်အောင် လမ်းဖွင့်ထားပေးဖို့ပဲလိုတာပါ … အဲလိုဆိုရင် ကျောင်းသားတွေလဲ ကြိုက်ကြမှာပါ … ကျနော်ကတော့ အဲဒီလို မြင်ပါတယ် …
သူ့ကွန်မန့်ကိုဖတ်လိုက်ရင် အချက်နှစ်ချက်ကိုတွေ့နိုင်ပါတယ် ။
(၁) သူတွေ့ကြုံခဲ့ရတဲ့ဆရာဟာ ကျောင်းသားတွေဘာလိုချင်တယ်ဆိုတာကို သေချာနားလည်ခဲ့ပုံမပေါ်ပါဖူး ။
(၂) မြန်မာပြည်ကကျောင်းသားတွေထဲမှာလည်း ဆရာနဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်ငြင်းခုံရတာမျိုးကို လိုလားလာကြပြီဆိုတာပါပဲ ။
.........................................
ပထမအချက်ကိုဆွေးနွေးရရင် စာသင်ကြားရာမှာထိရောက်စေဖို့ ကိုယ်သင်ကြားနေတဲ့ကျောင်းသားတွေကို နားလည်တတ်ဖို့လိုအပ်ပါတယ် ။ နားလည်ရမယ့် အဓိကအပိုင်းနှစ်ပိုင်းရှိတယ်လို့မြင်မိပါတယ် - - ကျောင်းသားတယောက်ကို ပညာသင်ယူဖို့လှုံ့ဆော်တဲ့အကြောင်းရင်း (motivation) ၊ ကျောင်းသားတယောက်ဟာ ဘယ်လိုစာသင်ကြားနည်းမျိုးကိုနှစ်သက်သလဲ (သို့မဟုတ်) ကျောင်းသားတယောက်ရဲ့ စရိုက် (character)ဟာ ဘယ်လိုစာသင်ကြားနည်းမျိုးနဲ့ကိုက်ညီမလဲ ။
ဒီဆောင်းပါးမှာ ဖော်ပြခဲ့သလို ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ်ကို အတွင်းစိတ်ကြောင့် ဖြစ်ခြင်း (Intrinsic) နဲ့ ပြင်ပ အကြောင်းအချက်များကြောင့် ဖြစ်ခြင်း (Extrinsic) စသဖြင့် နှစ်မျိုး ခွဲခြားထားကြပါတယ်။ အတွင်းစိတ်ကြောင့်ဖြစ်တဲ့ ပညာ သင်ယူလိုစိတ်ကတော့ ဘာသာရပ်တစ်ခုကို သင်ယူရင် စိတ်ဝင်စားမှုကြောင့်၊ ပျော်ရွှင်မှုရတဲ့အတွက်ကြောင့်၊ ကိုယ်ပိုင် ကျေနပ်မှုရတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ ပြင်ပအကြောင်းအချက်များကြောင့်ဖြစ်တဲ့ အတန်းပညာသင်ယူလိုစိတ်ကတော့ မိဘဆရာတွေကသင်ယူခိုင်းတဲ့အတွက်ကြောင့်၊ မသင်ယူရင်အပြစ်ရှိသလိုခံစားရတဲ့အတွက်ကြောင့်၊ အတန်းပညာရရင် ဘ၀အတွက်တက်လမ်းရှိနိုင်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ်ပိုရှိတဲ့ကျောင်းသားဟာ အတန်းပညာကိုပိုတတ်မြောက်နိုင်သလို ၊ ပိုထူးချွန်ကြောင်းကို ပညာရေးသုတေသီတွေက ထပ်မံတွေ့ရှိကြပါတယ်။
ကျောင်းသားတယောက်ဟာ ကျောင်းလာတက်တာဘာကြောင့်တက်သလဲလို့နားလည်ထားတဲ့အခါ သူ့ကိုစာသင်ကြားတဲ့အခါ သူစိတ်ပါလာအောင် သူဘာလို့ကျောင်းလာရတယ်ဆိုတဲ့ သူ့ခံယူချက်ကိုပဲပြန်သုံးပြီး အတိုင်းအတာတခုထိ ပြန်စိတ်ပါလာအောင်ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ စာသင်ယူတယ်ဆိုတာမျိုးဟာ စိတ်မပါဘူးဆိုရင်လုပ်ရဖို့ခဲယဉ်းပါတယ် ။ အတင်းကြိုးစားလုပ်ရင်တောင် တကယ်စိတ်ထဲမပါရင် အောင်မြင်သင့်သလောက်မအောင်မြင်ပါဖူး ။ ဒါကြောင့် စာသင်ယူခြင်းအပေါ်ထားတဲ့ ကျောင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို အလေးထားဖို့လိုအပ်ပါတယ် ။
ကျောင်းသားတယောက်ရဲ့ စရိုက် (character) ကလည်း သူ့စာသင်ယူမှုအပေါ်မှာသက်ရောက်မှုရှိပါတယ် ။ ဥပမာ .. တချို့ကျောင်းသားတွေက ဆရာသင်ပေးတာကိုပဲ လိုက်မှတ် လိုက်ကျက် ပြန်ဖြေဆိုတာမျိုးကို ကြိုက်တယ် ။ တချို့ကတော့ မေးခွန်းထုတ်ရတာကြိုက်တယ် ။ တချို့က ဆရာကဆက်တိုက်ပြောပြီးစာသင်နေတာကိုနားထောင်ရတာမျိုးကြိုက်တယ် ၊ တချို့ကတော့ activity သဘောမျိုးလေးတွေလုပ်ရတာကြိုက်တယ် ၊ တချို့က ပုံများများပါတဲ့စာအုပ်တွေကနေသင်ယူရတာ ပိုကြိုက်တယ် ၊ တချို့စကားလုံးတွေများတာပိုကြိုက်တယ် ၊ တချို့က တယောက်တည်းသင်ယူရတာကြိုက်တယ် ၊ တချို့ကအဖွဲ့လိုက်သူငယ်ချင်းတွေနဲ့ ပရောဂျက်တွေလုပ်ဖို့ သင်ယူချင်တယ် စသဖြင့် ။ အဲဒီတော့ ကိုယ့်အတန်းထဲမှာရှိမယ့် ကျောင်းသားအားလုံးရဲ့စာသင်ယူမှုအားသာတဲ့ပုံစံတွေဘာလဲဆိုတာ အကျမ်းဖျင်းလေ့လာပြီး တတ်နိုင်သမျှအားလုံးအတွက် သင့်တော်မယ့်နည်းလမ်းမျိုးတွေ (တခါတလေ တမျိုးထက်ပိုသုံးရတာလည်းရှိပါတယ်) နဲ့သင်ကြားရင် စာသင်ကြားရာမှာထိရောက်မှုပိုရှိမယ်လို့ယုံကြည်ပါတယ် ။
ဒုတိယအချက်ကတော့ မြန်မာနိုင်ငံမှာအတော်များများတွေ့ရမယ်ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ မြန်မာတွေအတွက် ဆရာ-တပည့်ဆိုတဲ့အသုံးအနှုံးဟာ ဆရာကတော့အမြဲအထက်က ၊ တပည့်ကအောက်ကဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်နေတယ်လို့ စာရေးသူတခါလေခံစားရပါတယ် ။ ဥပမာကြည့်မယ်ဆိုရင် ... ရုံးမှာအထက်အရာရှိကို အောက်လက်ငယ်သားတွေက ဆရာခေါ်ကြရတယ် ၊ အလုပ်ပိုင်ရှင်တွေကို ဆရာခေါ်လေ့ရှိတယ် ။ နောက်ပြီး တချို့ဆရာဆရာမတွေက “အော် သူက ငါ့တပည့်ဖြစ်ခဲ့တာ” လို့ပြောတာခံရတဲ့လူတချို့ပြန်ပြောလေ့ရှိတာက “သူငယ်တန်းတုန်းကပဲသင်ခဲ့ရတာပါ” ။ အဲလိုစကားအသွားအပြန်မျိုးကြားရင် ပြောတဲ့သူကလည်း တပည့်ဖြစ်ခဲ့တယ်ဆိုပြီးနှိမ့်ပြောလိုက်သလား ၊ ပြောခံရတဲ့သူကပဲ တပည့်ဆိုတာအောက်လက်ငယ်သားနေရာလို့ အလိုလိုခံစားနေရလားမပြောတတ်ပါဖူး ။ ဒါပေမယ့် အဲဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဆရာ-တပည့်ဆိုတဲ့ အသုံးအနှုံးက မြန်မာစကားမှာအထက်နဲ့အောက်ကိုရည်ညွှန်းနေသလိုဖြစ်နေပါတယ် ။
ဆရာပြောသမျှကို တပည့်ကလက်ခံရတာမျိုး အပေါ်-အောက်အခြေအနေမျိုးကို နိုင်ငံတကာရဲ့ပညာရေးစနစ်မှာ လျော့နည်းအောင်လုပ်လာကြပါတယ် ။ ဒါဟာ ဆရာတွေအပေါ်တပည့်တွေကထားတဲ့ရိုသေမှုနဲ့ လုံးဝမသက်ဆိုင်ပါဖူး ။ ဘာကိုဆိုလိုလဲဆိုတော့ ko cyberpunk ကွန်မန့်မှာရေးသွားသလို ၊ ဆရာနဲ့တပည့်ကြားမှာ bidirectional flow of information ရှိဖို့ကိုဦးတည်တာပါ ။ ဆရာတွေကပဲ ကျောင်းသားတွေကို တလမ်းသွားအနေနဲ့ပြောတာမလုပ်ဘဲ ၊ နှစ်ဦးနှစ်ဘက်အပြန်အလှန် ဆွေးနွေးကြတာမျိုးပါ ။
အဲလိုဆွေးနွေးတဲ့အခါမှာလည်း ကျောင်းသားတွေဟာ သူတို့သင်ယူနေရတဲ့ဘာသာမှာ သူတို့ကိုသင်ပေးနေတဲ့ဆရာတွေဟာ သူတို့ထက်တတ်ကျွမ်းတယ်ဆိုတာကိုတော့ ယုံကြည်ထားကြပါတယ် ။ ဒါပေမယ့် ဆရာတွေပြောတဲ့အချက်အလက်တွေကို ဘာကြောင့်ဖြစ်ရတယ် ၊ ဘာကြောင့်ရော တခြားဖြစ်လို့မရတာလဲဆိုတာမျိုး ပြန်မေးခွန်းထုတ် ၊ ဆွေးနွေးတာမျိုးဖြစ်ပါတယ် ။ အဲဒီအခါ ဆရာတွေဘက်က သူတို့ချဉ်းကပ်တဲ့နည်းလမ်းသာအမှန်လို့ တထစ်ချပြောမရပါဖူး ။ ဘာလို့လဲဆိုတော့ ဆရာတွေဟာဘာသာရပ်တခုကိုသင်နိုင်တယ်ဆိုပေမယ့် ကိုယ်သိထားတဲ့အမြင်တွေ (perspectives) ကနေနားလည်ပြီးသင်ကြတာမျိုးပါ ။ ဘာသာရပ်တခုဟာ သိပ်ကျယ်ဝန်းတဲ့အတွက် ဆရာတွေဟာ ချဉ်းကပ်လို့ရတဲ့အမြင်အားလုံးသိဖို့ခဲ့ယဉ်းပါတယ် ။ ကျောင်းသားတွေတင်ပြတဲ့အမြင်သစ်တွေကို ဆရာတွေက ကိုယ်သိထားတဲ့မူလအမြင်တွေနဲ့ဆွေးနွေးပြီး ၊ အဖြေတခုကိုအတူထုတ်တာမျိုးလုပ်ရင် ကျောင်းသားတွေဘက်ကအမြင်ကိုဆရာတွေမစဉ်းစားမိတာဟာ ဆရာတွေရဲ့ ညံ့ဖျင်းမှုနဲ့မသက်ဆိုင်တာ ကျောင်းသားတွေနားလည်ပါလိမ့်မယ် ။
အပြောသာလွယ်တယ် ၊ တကယ်လုပ်တော့ဖြစ်ပါ့မလားလို့ ထင်နိုင်ဖွယ်ရှိပါတယ် ။ ပြောသလောက်တော့ တကယ်လုပ်ဖို့မလွယ်တာအမှန်ပါ ။ ဒါကြောင့် အဲလိုလုပ်နိုင်ဖို့ ဆရာတွေဘက်က လာသမျှအမြင်တွေကို လက်ခံစဉ်းစားဖို့ကိုယ့်စိတ်ကိုယ် လမ်းဖွင့်ထားရပါမယ် ၊ နောက်ပြီး တတ်နိုင်သမျှ ကိုယ်သင်ကြားနေတဲ့ဘာသာရပ်ထဲကစာတွေကိုလည်း နောက်ထပ်အမြင်တခုကနေချဉ်းကပ်ရင်ရောရမလားဆိုတာမျိုး တွေးတဲ့အလေ့အထမျိုးလုပ်သင့်ပါတယ် ။
တကယ်တော့တပည့်တွေမေးခွန်းထုတ်တာဟာလည်း ဆရာတယောက်အတွက် သူသင်နေတဲ့ဘာသာရပ်မှာနားလည်မှုပိုင်းအပေါ် အကျိုးရှိစေပါတယ် ။ တပည့်တွေကိုစာသင်ယူဖို့ဆုံးမနေတဲ့ဆရာတယောက်ဟာ ကိုယ်ကိုယ်တိုင်လည်း သင်ယူမှု (learning) ကိုလျစ်လျူရှုထားလို့မရပါဖူး ။ ကိုယ့်ကျောင်းသားတွေအတွက်အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘာသာအမြဲပြင်ဆင်ပြီးလုပ်နေတာမျိုးဟာလည်း စာသင်ယူရာမှာကျောင်းသားတွေအားစိုက်ထုတ်ထားရတဲ့ လုံ့လ၀ရီယအချိန်တွေကို လေးစားရာရောက်ပါတယ် ။
အဲလို ဆရာနဲ့တပည့်ကြားအပြန်အလှန်ရိုသေလေးစားမှုရှိလာမယ်ဆိုရင် စာသင်ခန်းဆိုတာ ကျောင်းသားတွေအတွက် စိတ်လက်ပေါ့ပါးစွာ အကျိုးရှိရှိ ပညာသင်ယူနိုင်တဲ့နေရာတခုဖြစ်လာပါမယ် ။ ဆရာတွေအတွက်လည်း အလားတူအကျိုးတွေရလာနိုင်မယ်လို့ ယုံကြည်မိပါတယ်
22 Feb 2012
သားအတွက် စာတစ်ဆောင်
*ဘိုးဘွားရိပ်သာတစ်ခုတွင် တွင်တွေ့ ရသော စာလေးတစ်စောင်ပါ။*
*သား !*
*သား...ငယ်ငယ်တုန်းကပေါ့ အချိန်တွေအများကြီးယူပြီး
အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊*
*ကြယ်သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီတက်အောင်၊
နှာရည်တွေကျရင်
သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရတာလေးက အမေ့ အတွက်မမေ့
နိုင်စရာလေးတွေပေါ့။ခုချိန်မှာ ဒါလေးတွေက
အမှတ်ရစရာလေးတွေပေါ့ကွယ်။အဲဒါလေးတွေကို စဉ်စားမိရင် အမေ အတွက်
စိတ်မကောင်းဖြစ်ရတယ်။*
*ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။ဆက်ပြောရမဲ့
စကားများတောင် စဉ်စားမရအောင် မေ့တက်နေပါပြီးသား! *
*သား...သားမှတ်မိအုံးမလား။သားငယ်ငယ်က  အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့
ကလေးသီချင်းလေးတပုဒ်ကိုလေ။အဲဒီသီချင်းလေးတပုဒ်ကို အမေ
ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊တစ်နေ့ တစ်မျိုး
မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက်
ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။ *
*သား....... ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက
ဘဝလေးလို့ဖြစ်နေပါပြီ။သား..... အခုဆိုရင်
အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။ အစားစားတဲ့ အခါလဲ
အကျီတွေ ညစ်ပတ်ကုန်တယ်၊ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။*
*သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။ခုချိန်မှာ
အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။သား
နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။ *
*သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊
လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။သားရဲ့နွေးထွေးတဲ့ လက်ကို
ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ
ရောက်ရှိလာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း...တဖြည်း...။*
* သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့
အရာတခုပါ။မိဘထက် အရေးကြီးတာ မရှိပါဘူး။ချစ်သူရည်စား မိန်မ ယောင်္ကျား ဆိုတာ
အစားထိုးလို့ရတဲ့ အရာတွေပါ။မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ
ပြန်မရနိုင်မဲ့ အရာပါ။ မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ
တွေရှိနေစဉ် စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့
မမေ့လျှော့ပါနဲ့လို့ပြောကြားချင်ပါတယ်။*
*                                      ဘာသာပြန်(moon)*
21 Feb 2012
သင့်ကျန်းမာရေး
သုတေသနပြုချက်အရ ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊
အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့်
နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ    = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ     = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်
နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း
အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။) ***** 
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ   =
နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
--
Tin Nwe Hlaing
19 Feb 2012
တကြိမ်အောင်မြင်ရင် ရပြီ
။.............ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ ...............။
ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။
"တစ်ကြိမ်အောင်မြင်ရင် ရပြီ"
၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။
ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။
ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။
ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။
၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။
ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။
၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။
၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။
သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။
၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။
ဒါပေမယ့် မကြာပါဘူး...
သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။
၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။
အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။
ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။
၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့
ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။
၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့
အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။
ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။
၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။
၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။
ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး
ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။
တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို
သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။
၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။
ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှု ဖြစ်ပွါးခဲ့ရတယ်။
၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။
၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့
သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။
ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။
၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ
သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။
၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့်
ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။
ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး
ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။
နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက်
သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။
၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။
ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။
၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။
သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ
Harland David Sanders Colonel Sanders
(September 9, 1890 – December 16,1980)ပဲ ဖြစ်ပါတယ်။
"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။
တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။
မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင်
ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။
ကဲ.......တစ်ကြိမ်မက အောင်မြင်မှုများရနိုင်ပါစေ။
18 Feb 2012
ပြောဖို့ခက်တယ်
တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့
ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ
... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး
ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့ အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက
ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊
ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ
ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။
တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း အတော်လေး
ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ
မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့
လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊
မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့
ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ
အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ
ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။
ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။
တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့
တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ
လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့
တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။
သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ
ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး
နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ
သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး
ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို ယဇ်ပူဇော်ရင် နတ်ဘုရားက
စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး
နန်းတော်ကို ပြန်ရောက်တော့ သူ့ အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား
ပြောဖို့ခက်ပါတယ်" ဆိုတဲ့ စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး
မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ ယဇ်ပူဇော်ခံရလို့ သေပြီလေ။
ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး
ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။
စိတ်မကောင်းတဲ့ မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို
စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက်
အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့ လျှောက်တင်လိုက်တယ်။
ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ
အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။
ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို
တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။
ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့
နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့
လိုက်သွားခဲ့ရင် အသက်ခံရမှာတော့ မုချမသွေပါပဲ။
ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ
ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ
သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး ဆုတ်ကိုင်ထားတဲ့
အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ ဖြစ်သွားတတ်ပါတယ်။
ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့်
အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့
ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်
ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း
လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး
မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး
ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။
လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်
လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။
ဝမ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က
ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့
အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။
အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့
ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။
17 Feb 2012
Please read quietly and share eachother
*To realize
The value of four years:
Ask a graduate..** *
*To realize**
**The value of one year:
Ask a student who
Has failed a final exam.** *
*
**To realize
The value of nine months:
Ask a mother who gave birth to a stillborn.** *
*To realize
The value of one month:
Ask a mother
Who has given birth to
A premature baby**....** *
*To realize
The value of one week:
Ask an editor of a weekly newspaper.
To realize
The value of one minute:
Ask a person
Who has missed the train, bus or plane.** *
*To realize
The value of one-second:
Ask a person
Who has survived an accident.** *
*Time waits for no one.** *
*
**Treasure every moment you have.** *
*You will treasure it even more when
You can share it with someone special.** *
*To realize the value of a friend or family member:** *
*LOSE ONE.** *
*The origin of this letter is unknown,
But it brings good luck to everyone who passes it on.** *
*Remember**...** *
*Hold on tight to** **the ones you love**!*
15 Feb 2012
သရဏဂုံနဲ့ တမလွန် အကောင်းအဆိုး…. ပြီးတော့ ဘာသာခြားနဲ့ ၀ိပဿနာ…
 *Q.* ဘုန်းဘုန်း နေကောင်း ကျန်းမာပါလား ဘုရား..
တပည့်တော်ကို ဦးဇင်းတစ်ပါးက သိချင်တဲ့ အကြောင်းလေးတွေ မေးခိုင်းလို့ပါဘုရား..
*၁။* ဗုဒ္ဓဘာသာ တစ်ယောက်က အခြေအနေ တစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင်
တစ်ဦးအဖြစ် လက်ခံလိုက်ရတယ်၊ အဲဒီလူရဲ့ စိတ်က အဲဒီဘာသာကို မကြည်ညိုပေမယ့်
အဲဒီဘာသာရဲ့ ထုံးတမ်းစဉ်လာကို တစ်သက်လုံး လုပ်ခဲ့ရတယ် (ဘယ်လို အလုပ်မျိုးလဲတော့
မမေးလိုက်မိဘူး ဘုရား) ဆိုရင် အဲလိုလူ တစ်ဦးမှာ အပြစ်ဖြစ်နိုင်သလား ဘုရား၊
သရဏဂုံကော ပျက်သွားမလား ဘုန်းဘုန်း၊ တကယ်လို့ သရဏဂုံ ပျက်သွားခဲ့ရင်တောင်
အဲဒီလို ပျက်တဲ့အတွက် တမလွန်မှာ အပြစ်ဖြစ်နိုင် (မကောင်းကျိုး ပေးနိုင်) ပါသလား
ဘုရား…။
*၂။ *နောက်မေးခွန်းတစ်ခုက ဒီလိုပါ ဘုရား..။ ဘာသာခြား တစ်ဦးအနေနဲ့ ၀ိပဿနာကို
အားထုတ်ချင်နေတယ်၊ ၀ိပဿနာကို စိတ်လည်း ၀င်စားတယ်၊ ၀ိပဿနာဟာ ဘယ်လိုသဘောလဲ သူ
သိချင်နေတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာကိုတော့ မကိုးကွယ်ချင်ဘူး..၊ ၀ိပဿနာကိုသာ
လိုက်စားချင်တာ..။ အဲလိုလူမျိုးအတွက် ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ်လို့ တရား
ရနိုင်ပါသလား ဘုရား၊ ရတနာ သုံးပါးကို မကိုးကွယ်လို့မို့ အနှောင့်အယှက်
ဖြစ်နိုင်ပါသလား ဘုန်းဘုန်း..။ တရားအားထုတ်တဲ့ နေရာမှာ များသောအားဖြင့် သရဏဂုံ
မတည်ဘဲနဲ့ တရား မရနိုင်ဘူးဆိုတာ ကြားဖူးလို့ပါ… ဆိုပြီး တပည့်တော်ကို
မေးလျောက်ခိုင်းပါတယ် ဘုရား..။
ဘုန်းဘုန်း အားတဲ့ အချိန် မေတ္တာရှေ့ထား ဖြေကြားပေးပါဦး ဘုန်းဘုန်း…
ရိုသေစွာ ရှိခိုးလျက်
*ဖိုးသား*
*A.* ဒကာဖိုးသားရေ…တစ်ဆင့်မေးတာဆိုေ
တာ့ ဖြေပေးတာကို တစ်ဆင့်ပြောပေးလိုက်ပါဦး..
*၁။* အခြေအနေအရ လုပ်နေရတဲ့အတွက် အပြစ်ဖြစ်မဖြစ်ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရဲ့
စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ဗုဒ္ဓဘာသာသဘောအရ စိတ်ကအဓိက ဆိုပေမယ့်
ကံသုံးမျိုးမှာ ကာယကံ၊ ၀စီကံတွေနဲ့ ကျူးလွန်မှုမှာလည်း အကျိုးသက်ရောက်မှု
ရှိပါတယ်။ အခြားဘာသာရဲ့ ဓလေ့ထုံးစံများအတိုင်း လိုက်လုပ်နေမှုများမှာ
လိုက်လုပ်သူရဲ့ လုပ်ဆောင်ချက်၊ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများဟာ
ရတနာသုံးပါးကို စော်ကားလိုတဲ့ အမှုများ၊ စိတ်စေတနာများ၊ အကုသိုလ်အပြစ် ဖြစ်စရာ
လုပ်ဆောင်ချက်များ မပါရင် အပြစ်မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်က
စိတ်စေတနာပါရင်တော့ အပြစ်ဖြစ်နိုင်ပါတယ်။ ဒီလိုလိုက်လုပ်နေရတဲ့အတွက်
သရဏဂုံပျက်၊ မပျက်ဆိုတဲ့နေရာမှာ သရဏဂုံပျက်ခြင်း အကြောင်းနှစ်မျိုးရှိပါတယ်။
သေဆုံးသွားတဲ့အခါ၊ ရတနာသုံးပါးထက် အခြားအရာများကို ပိုပြီးယုံကြည်အားကိုး
ကိုးကွယ်ဆည်းကပ်တဲ့ အခါတွေဟာ သရဏဂုံပျက်ပါတယ်။ အသက်ရှင်ဆဲ အခိုက်မှာ
ရတနာသုံးပါးကို နှလုံးသားထဲမှ အထူးယုံကြည် ကိုးကွယ်နေပေမယ့်
အခြားအရာတွေအပေါ်မှာလည်း အခြေအနေအရ ပူဇော်ပသရတာတွေ ရှိပါတယ်။ ရတနာသုံးပါးထက်တော့
ယုံကြည်ကိုးကွယ်မှု မပိုဘူးဆိုရင် သရဏဂုံ မပျက်ပါဘူး။ အကယ်၍ ရတနာသုံးပါးကို
စွန့်ပြီး တစ်ခြားအရာတွေကို ဘုရား၊ တရား၊ သံဃာထက် ပိုပြီးယုံကြည်
အားကိုးသွားတဲ့အခါ သရဏဂုံပျက်ပါတယ်။ သရဏဂုံ ပျက်ပေမယ့် ဘုရား၊ တရား၊ သံဃာကို
မစော်ကားဘူး၊ ရတနာသုံးပါးကို မကိုးကွယ်ပေမယ့် အကုသိုလ်ဖြစ်စေမယ့် အလုပ်တွေ
မလုပ်ဘူးဆိုရင် အပါယ်မလားနိုင်ပါဘူး။ အလားတူ ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့်
မကောင်းတာတွေ မလုပ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့ နေသွားတဲ့ သူတွေဟာ သေပြီးနောက်မှာ
သုဂတိဘ၀ကို လားနိုင်ပါတယ်။ ဒါကြောင့် သရဏဂုံပျက်ပေမယ့် ရတနာသုံးပါးကို
မစော်ကားဘူး၊ အကုသိုလ်အပြစ်တွေ မလုပ်ဘူးဆိုရင် တမလွန်မှာ ကောင်းတဲ့သုဂတိကို
ရောက်နိုင်ပါတယ်။
*၂။* ၀ိပဿနာ တရားဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီးသန့် ဟောကြားထားတဲ့
တရားမဟုတ်ပါဘူး။ ဘယ်သူမဆို အားထုတ်လို့ရတဲ့ တရားဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး၊ ရတနာသုံးပါးကို မယုံကြည်ဘူး၊ သရဏဂုံမတည်ဘူးဆိုလည်း ၀ိပဿနာ
အလုပ်ကို ကောင်းစွာအားထုတ်လို့ ရပါတယ်။ ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို
မယုံကြည်မှု သရဏဂုံကို မလုံခြံမှုကြောင့် အကျိုးပေးမှုတော့ ကွာခြားပါတယ်။
သရဏဂုံနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှု သဒ္ဓါတရား မရှိရင်တော့ အရိယာမဂ်ကို
ရဖို့မလွယ်လှပါဘူး။ သရဏဂုံမတည်ဘဲ ၀ိပဿနာ တရားအားထုတ်ရင်း အောက်အောက်ဉာဏ်တွေကို
ရနိုင်ပေမယ့် သောတာပတ္တိမဂ်ဉာဏ်စတဲ့ အရိယာမဂ်ဉာဏ်တွေတော့ ရဖို့မလွယ်လှပါဘူး။
ဒါပေမယ့် တစ်ခါတစ်လေ တရားအားထုတ်ရင်းနဲ့ပဲ ၀ိပဿနာ ဉာဏ်အဆင့်ဆင့်အရ
အားထုတ်သူကိုယ်တိုင် ရတနာသုံးပါးကို ယုံကြည်မှု သဒ္ဓါတရားတွေ တိုးပွားလာပြီး
သရဏဂုံတည်လာတဲ့ အခါမှာတော့ အထက်မဂ်တရားတွေ ရနိုင်ပါတယ်။ ဉာဏ်စဉ်အဆင့်တွေ
မြင့်လာတာနဲ့ အမျှစိတ်အစဉ်လည်း ပြောင်းလာပြီး သဒ္ဓါတရားတွေလည်း ခိုင်လာတတ်ပါတယ်။
အဲဒီအခါမျိုးမှာ ရတနာသုံးပါးကို မကြည်ညိုပါနဲ့ ပြောလည်း သူ့အလိုလို
စိတ်ကကြည်ညိုလာ တတ်ပါတယ်။ အဲဒီလို တရားအားမထုတ်မီမှာ ဘာသာခြားတွေ ဖြစ်ပေမယ့်
တရားအားထုတ်ရင်း ဗုဒ္ဓဘာသာအဖြစ် သရဂုံမြဲလာသူတွေလည်း အများကြီးရှိပါတယ်။
အထူးသဖြင့် ဆရာကြီး ဦးဂိုအင်ဂါ ပြနေတဲ့ တရားစခန်းမှာဆို ပိုပြီးတွေ့ရတတ်ပါတယ်။
ဆရာကြီးဟာ ဘာသာပေါင်းစုံက ဘယ်သူမဆိုလာပြီး တရားအားထုတ်နိုင်အောင်
တရားသက်သက်ပြပေးတယ်၊ သရဏဂုံနဲ့ ငါးပါးသီလကို မခံယူပဲ လွတ်လွတ်လပ်လပ်
အားထုတ်နိုင်တယ်ဆိုပြီး လူတိုင်းကို အားထုတ်စေတယ်၊ အားထုတ်ရင်းနဲ့
တရားအနှစ်သာရကို တွေ့ပြီးသူ့အလိုလို သရဏဂုံနဲ့ ငါးပါးသီလ လုံခြုံသွားစေတယ်လို့
ဆိုပါတယ်။ ဒါကြောင့်မို့ ဘယ်သူမဆို ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ
ဝိပဿနာတရားကို အားထုတ်လို့ရပြီး တရားရမှု၊ မရမှုကတော့ အားထုတ်ရင်း စိတ်အစဉ်
ပြောင်းလဲလာမှုနဲ့ သဒ္ဓါတရား အားကောင်းလာမှု၊ သရဏဂုံနဲ့ ကံငါးပါး လုံခြုံလာမှု
အပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။ သေချာတာကတော့ သရဏဂုံ မတည်ပေမယ့် ၀ိပဿနာ
အလုပ်လုပ်နေရင် အရိယာမဂ်ကို မရနိုင်တာတောင် ဒီဘ၀ချမ်းသာမှုနဲ့ သုဂတိဘဝ
ရောက်စေမှုကတော့ အကျိုးဖြစ်စေပါတယ်။ တရားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းလာကာ
သရဏဂုံပါ ခိုင်မြဲလာ၊ တည်လာတယ်ဆိုရင်တော့ ဒီဘ၀မှာပဲ တရားရနိုင်ပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ
အကောင်းဆုံး တုန့်ပြန်မှု့
ဂုဏ်ဝင့်မာန်တက်နေတဲ့ သူဌေးမကြီးတစ်ဦးက အဆင့်မြင့်
စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ စားသောက်ရင်း ဟိုဟာမကောင်းဘူး၊
ဒီလိုမရဘူးနဲ့ မကျေမနပ် ရေရွတ်နေခဲ့တယ်။ စားပွဲထိုးတွေက
ခွင့်လွတ်သည်းခံပြီး ဘေးမှာခစားနေသည့်တိုင် သူဌေးမက မာန်မလျော့တဲ့အပြင်
ပိုမောက်မာပြတော့တယ်။ ပြီးတော့ ဟင်းတစ်ပွဲကို လက်ညှိုးထိုးပြီး
"ပြောစမ်း! ဒါက ဘာဟင်းလဲ? ဒီလိုဟင်းကို ဝက်ကတောင် စားမှာမဟုတ်ဘူး" လို့
အော်တယ်။
အဲဒီမှာ သည်းမခံနိုင်တော့တဲ့ စားပွဲထိုးတစ်ဦးက "သူဌေးကတော်.. တကယ်ပဲ
ဝက်ကတောင် စားမှာမဟုတ်ဘူးလား! ဒီလိုဆိုရင် သူဌေးကတော်အတွက် ဝက်စားတဲ့အစာ
သွားယူခဲ့မယ်"လို့ ပြောလိုက်တယ်။
ဒီနှစ်ယောက်ထဲမှာ တစ်ဦးက "စိတ်ကောင်း လုံးဝမရှိသူ"ဖြစ်ပြီး ကျန်တစ်ဦးက
"ခွင့်လွတ်သည်းခံစိတ် လုံးဝမရှိသူ"ဖြစ်တယ်။ ဒါဟာ အခုခေတ်လူတွေရဲ့
ဆက်ဆံရေး အမျိုးအစားပုံစံပဲဖြစ်တယ်။
အောက်က သာဓကတွေကို ဆက်ကြည့်ရအောင်...
ခင်ပွန်း "မင်းစကားကို နားထောင်ရတာ လူနုံလူအတစ်ယောက်ရဲ့စကားကို
နားထောင်နေရတာသလိုပဲ"
ဇနီး "ကျွန်မဒီလိုပြောမှ ရှင်နားလည်မယ်ဆိုတာ ရှင်မသိဘူးလား?"
ခင်ပွန်း "ပင်မင်းဆိုင်ပို့ထားတဲ့ ရှပ်အင်္ကျီတွေ ယူခဲ့ပြီလား?"
ဇနီး "ကျွန်မက ရှင်ရဲ့ဘာမို့လို့လဲ? အိမ်ဖော်လား?"
ခင်ပွန်း "အိမ်ဖော် မဟုတ်ပါဘူး။ မင်းသာအိမ်ဖော်ဆိုရင် အနည်းဆုံးတော့
အဝတ်ဘယ်လိုလျှော်ရမယ်ဆိုတာ သိမှာပေါ့"
ကျွန်တော်တို့ဟာ ထောင်ချောက်တစ်ခုထဲ အမြဲပြုတ်ကျနေတယ်။ အဲဒီထောင်ချောက်က
ငြင်းခုန်မှုတိုင်းမှာ "အနိုင်နဲ့အရှုံး" ရှိရမယ်ဆိုတဲ့
ထောင်ချောက်ဖြစ်တယ်။ ငြင်းခုန်မှုတိုင်းမှာ လူတွေက ကိုယ့်အမြင်၊
ကိုယ့်အယူအဆကိုပဲ စွဲစွဲမြဲမြဲလက်ကိုင်ထားပြီး နောက်မဆုတ် အရှုံးမပေးစတမ်း
ငြင်းခုန်လိုကြတယ်။ ပိုဆိုးတာက နှစ်ဦးနှစ်ဘက်စလုံး
"နောက်ဆုံးစကားတစ်ခွန်း"ကို လက်မလျော့တမ်း ပြောချင်ကြတယ်။ အကျိုးအကြောင်း
ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံးစကားပြောနိုင်သူက
အနိုင်ရသူအဖြစ် သတ်မှတ်ကြတယ်။ ဒါနဲ့ပဲ ငြင်းခုန်ပွဲက မရပ်နားနိုင်
ဖြစ်ခဲ့ရတယ်။
ရှုပ်ထွေးနေတဲ့ ငြင်းခုန်ပွဲကို ဖြေလျော့ချင်ရင် အားစိုက်ပြီး သွားဆွဲ၊
သွားခွဲလို့ မရပါဘူး။ အားစိုက်ပြီး သွားခွဲလေ ပိုရှုပ်ထွေးလေဖြစ်ပြီး
နောက်ဆုံးမှာ ငြင်းခုန်ပွဲက ပိုတင်းသွားတတ်ပါတယ်။
လူလူချင်းဆက်ဆံရေးမှာလည်း လူအများက "အကျိုးအကြောင်းမှန်ရင် ဘယ်သူ့ကိုမှ
အလျော့မပေးဘူး" ၊ "မီးလောင်ရာလေပင့်" ဆိုတာကိုပဲ ပိုသိခဲ့ကြတယ်။
"စကားနဲရန်စဲ"၊ "သည်းခံခြင်းသည် အရာရာကိုအောင်နိုင်၏"ဆိုတာကို
မသိခဲ့လေတော့ ငြင်းခုန်မှုက နောက်ဆုံးမှာ ထိန်းမနိုင်
သိမ်းမရဖြစ်ခဲ့ကြတယ်။
ငြင်းခုန်ခြင်းက ပျော်ရွှင်ခြင်းလောက် အရေးမကြီးခဲ့ပါတယ်။
ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်က "နောက်တစ်လှမ်းဆုတ်"တာဖြစ်ပြီး
တစ်ဘက်သားကို ချစ်ခင်ရင်းနှီးတဲ့လက် အရင်ကမ်းတာပဲဖြစ်တယ်။ တစ်ဘက်သားကို
"မှန်ကန်သူ" ပေးလုပ်လိုက်တာက ကိုယ်ဟာ "မှားယွင်းသူ" အဖြစ်ရောက်သွားစေတာ
မဟုတ်ပါဘူး။ အရာအားလုံး ပြီးဆုံးပြေငြိမ်းသွားတဲ့အချိန်
ကျမှ
ကိုယ်အရယူနိုင်ခဲ့တဲ့အရာက "ငြိမ်းချမ်းခြင်း" ဆိုတာကို သင်သတိထားမိသလို
တစ်ဘက်သားကို "အမှန်"ပေးလိုက်ရတဲ့ ဝမ်းသာမှုတွေကိုလည်း
သင်ခံစားမိပါလိမ့်မယ်။ သင် "မှန်ကန်" ခဲ့ပါတယ်။
ဆာလ်ဝင်စတန်ချာချီ (Winston Churchill)နိုင်ငံရေးနယ်ပယ်က အနားယူပြီးနောက်
တစ်ရက်မှာ စက်ဘီးစီးပြီး မြို့အနှံလည်ပတ်ခဲ့တယ်။ တစ်နေရာမှာ ဆန့်ကျင်ဘက်က
စက်ဘီးအမြန်နင်းလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချာချီထိပ်တိုက်တိုးခဲ့တယ်။
အမျိုးသမီးက ဘရိတ်မအုပ်နိုင်ဘဲ ချာချီကိုအရှိန်နဲ့ ဝင်တိုက်ခဲ့တယ်။
"ဟဲ့.. အဘိုးကြီး စက်ဘီးရောစီးတတ်ရဲ့လား? မျက်စိမပါဘူးလား?"
အမျိုးသမီးက ကိုယ့်အမှားကိုမသိဘဲ ချာချီကို ရိုင်းရိုင်းစိုင်းစိုင်း
အရင်စဆဲဆိုခဲ့တယ်။
"ဟုတ်ကဲ့.. တောင်းပန်ပါတယ်.... တောင်းပန်ပါတယ်။ ကျွန်တော်
စက်ဘီးသိပ်မစီးတတ်သေးလို့ပါ။ ကြည့်ရတာ ခင်ဗျားက ကျွန်တော်ထက် စက်ဘီးစီး
ပိုကျွမ်းပါတယ်။ ဟုတ်တယ် မဟုတ်လား?"
ချာချီက အမျိုးသမီးရဲ့ ကြမ်းတမ်းတဲ့အပြုအမှုကို ဂရုမစိုက်ဘဲ
မပြတ်တောင်းပန်နေခဲ့တယ်။ တောင်းပန်သံကိုကြားတော့ အမျိုးသမီးရဲ့ဒေါသတွေ
တစ်ဝက်လျော့ကျသွားခဲ့ပြီး ချာချီကို သေချာကြည့်လိုက်တယ်။
သူစက်ဘီးတိုက်မိသူက မြင့်မြတ်တဲ့ဝန်ကြီးချုပ်ဖြစ်ေ
နတာကို တွေ့တော့
အမျိုးသမီးက ရှက်ရွံ့အားနာစွာနဲ့ "ဟို.... မဟုတ်ဘူး... မဟုတ်ပါဘူး ကျွန်မ
အခုမိနစ်ပိုင်းအတွင်းမှာပဲ စက်ဘီးစီးတတ်သွားတာပါ။ ကျွန်မကို
စက်ဘီးစီးသင်ပေးလိုက်တာကလဲ အရှင်ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်"
လို့
ပြောလိုက်တယ်။
ပညာရှိတစ်ဦးက "သည်းခံခြင်း၊ စိတ်သဘောထားကြီးခြင်းက အမုန်းရန်ငြိုးကို
သူငယ်ချင်းမိတ်ဆွေအဖြစ် ပြောင်းလဲစေနိုင်တယ်" လို့ဆိုပါတယ်။
တစ်ခါက သားအဖနှစ်ဦး ရထားစီးပြီး ခရီးထွက်ခဲ့ကြတယ်။ လမ်းတစ်နေရာမှာ
လက်မှတ်စစ်နဲ့ကြုံတော့ ဖခင်ဖြစ်သူက အိတ်ထည့်ထားတဲ့လက်မှတ်ကို
ချက်ချင်းရှာမတွေ့ဖြစ်ခဲ့တယ်။ အဲဒီအခါ ဒေါသကြီးတဲ့လက်မှတ်စစ်ရဲ့
ဆူပူကြိမ်းမောင်းတာကို ခေါင်းငုံ့ခံခဲ့တယ်။ အဖြစ်အပျက်ပြီးနောက် သားက
"အဖေ... လက်မှတ်ပါရက်သားနဲ့ ဘာဖြစ်လို့ ပြန်မပြောခဲ့တာလဲ?" လို့မေးတယ်။
ဖခင်က "သား... သူ့ဒေါသ၊ သူ့စိတ်သဘောထားကို သူတောင်တစ်သက်လုံး
ခံနိုင်ခဲ့သေးတာပဲ။ အဖေက ဘာဖြစ်လို့ ဒီမိနစ်ပိုင်းလေးမှာ
သည်းမခံနိုင်ဖြစ်ရမလဲ?" လို့ ပြန်ပြောခဲ့တယ်။
"နောက်ဆုံးစကားတစ်ခွန်း မပြောတာနဲ့ ငြင်းခုန်မှုတိုင်းကို
ရပ်တန့်နိုင်ပါတယ်".... ဒါကလည်း ကျွန်တော့်ကိုယ်ကျွန်တော်
အမြဲသတိပေးတဲ့စကားဖြစ်ခဲ့တယ်။
မူရင်း--- google search or
http://www2.nsysu.edu.tw
ဗုဒ္ဓဘာသာ(၅)မျိုး
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ
ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ
ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ
(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း
ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်
ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။
ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။
ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ ။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ
ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။
(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။
ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ
ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ
ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ
ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ
ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်
မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ
ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။
(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊
ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို
ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ
လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး
အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ
ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့
သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး
နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ
သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့
မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။
ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့
အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ
လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့
ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့ တဲ့
တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင်
နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့ 
ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို
ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ
ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို
ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့
သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့်
သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။
သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း
ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့
သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့
ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက
မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။
ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့
မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊
ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။
ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို
အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့
ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊
ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။
(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး)
ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန
နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော်
မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ
်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး
လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ။
13 Feb 2012
သင့်ရဲ့ဘ၀မှာ အောင်မြင်လိုလျှင်
လူတိုင်းသည် ကိုယ့်ဘ၀ကို အောင်မြင်ဖို့ကြိုးစားနေကြတယ်
ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘ၀ကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊
ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း
မချိန်တွယ်မစဉ်းစားတတ်ဘူး။
အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် --
(၁) စဉ်းစားပါ--
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ
ငါ့ဘ၀နဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား?
ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊
(၂) ကြိုးစားပါ --
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊
ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ
ကိုယ်ပိုင်ဖြစ်စေ
ကြိုးစားဖို့လိုအပ်တယ် အဓီကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊
( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )
(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်၇ှင်ဖြစ်ဖြစ်
ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို
ရဖို့လိုအပ်တယ် အဓိက၊ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်
အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ် ဒါကြောင့်
ကိုယ်ရဲ့ ဂတိကို မဖျက်ဆီးပါနဲ့ ကိုယ်မပေးနိုင်တဲ့ဂတိကိုလည်း မပေးနဲ့
ပေးပြီး၇င်လည်းတည်အောင်လုပ်ဖို့အေ၇းကြီးတယ် ဒါမှယုံကြည်မှာလေ ၊
(၄) မျက်နှာထားကို ပြင်ပါ -
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဥာဏ်ခြင်းတူလျှင်
အမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက
အမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက
အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချိုသာသူက
အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။
အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ်
၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့
လေဆိုတဲ့လောကဓံကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ
ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ၊
ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို
ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ
ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြေင့်လဲဆိုတော့
အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကျေးပါပဲ၊
ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ၊
ငွေကျေးရှုးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကျေးဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ၊ အဓိက
ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ
ရေစုံမြောပြီသာမှတ်တော့ ၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ်
ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ
လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင်
ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ
မဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို
ကြည်နေဖို့လည်းအရေးကြီးတယ်လေ။
လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၁) စိတ်ချမ်းသာဖို့
ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ
အဆင်ပြေနေမှာပဲလေ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ?
ဘ၀ဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်
ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့
ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ?
ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့
အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘ၀ရဲ့တာဝန်ပါပဲ ၊
ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင်
လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ
အဲဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များ များ
အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး ၊
နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင်
သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ
နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင်
မာကြောတဲ့အရာနဲ့တွေ့ရင်ပျော့
ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား?
ဒါဟာလောက နိယာမပဲလေ ၊ နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်
အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ
ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။
ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို
တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊
မြန်မာစကားပုံကတော့ ``ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့
စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ
ကိုယ်ဘ၀ကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ
ယုံကြည်ဖို့လိုတယ် တစ်ခါတစ်လေ
အကောင်းဆုံးသူငယ်ချင်းတွေကြောင့်ကိုယ့်ဘ၀ပြောင်းလဲတတ်ပါတယ် ဒါပေမယ်အဲဒါဟာ
အထောက်ပံ့မျှသာပါပဲ
အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ သူငယ်ချင်းဆိုတာ
အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့
ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်၇င် ကိုယ်ကအဓိကပဲခံစား၇တာ
ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ -- ငါဝမ်းနည်းပါတယ်``
ဆိုတာလောက်ပဲပြောကြမှာလေ ၊
တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?
နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို
လိုက်ချင်းပဲ ၊ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့်
တစ်ခါတစ်ရံမှာ အဲဒီင်္အချစ်ကြောင့်ပဲ ဘ၀ပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊
အဓီကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊
ယောက်ကျားတွေဆိုတာ(ငါအပါအ၀င်ပေါ့) အခွင့်ယူချင်တတ်ကျတယ်၊ ဒါကလဲ
ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊
နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ
ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ
လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့
ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊
နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ
ကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ
ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ် လိုအပ်တာကိုလည်း
ဝယ်ဖို့လိုအပ်သလို မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း
ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ
နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ်
နောက်တစ်ခုက ကျမ္မာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်
ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျမ္မာရေးကို
လိုက်စားဖို့လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့
ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်၇တဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ
လမ်းလျှောက်ဖို့လိုအပ်တယ်
ကိုရီးယားစကားပုံလိုပြောရရင်တော့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင်
အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစား၇မယ်´´ နောက်ပြီး
ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘ၀သစ်ကို
ထူထောင်အောင်ကြိုးစားရမယ်လေ၊
လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ
ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရင်တော့
အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘ၀ကို
သေသေချာချာကြိုးစားပြီးဘ၀ကိုတည်ဆောက်ကြပါ............
12 Feb 2012
လက်တွေ့ဘ၀မှာ စိတ်ချမ်းသာဖို့
တကယ်ဘ၀မှာ စိတ်ချမ်းသာဖို့
(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။
ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း
အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား
လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ
ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့်
နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ
မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့
ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။
(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက်
ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင်
သတိထားပါတယ်။
(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ
တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။
မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ Happy Birth Day
ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို
ပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့
သဘောထားမယ်။
(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို
ရုန်းကန်ပြီး နေသွားကြတယ်။
(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား
စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို
မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။
(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ
တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း
ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့
မဖြစ်ဘူး။
(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက်
စိတ်ဆိုးစရာ မဟုတ်ဘူး။
(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ
မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။
ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ
ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို
စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး
ဖြစ်စေရမယ်။
(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး
စိတ်ချမ်းသာနိုင်တယ်။
(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။
ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ
လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။
(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင်
စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ မလဲနိုင်ဘူးဆိုရင်
စိတ်ချမ်းသာတယ်။
(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ
သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်
စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင်
ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့
မတွေးဘူး။
(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။
(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ
ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။
အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။
ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ
အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ
စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင်
မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဥာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဥာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဥာဏ်ပညာရှိတယ်။
ဒီစာလေးက ဆရာတော်ဦးဇောတိက တရားတွေထဲကပါပဲ အားလုံးအတွက်ဝေမျှပေးတာပါ။
--
ကမ္ဘာလောကကြီးအတွင်း၌နေထိုင်ကြကုန်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတွေအားလုံး
ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းဖြစ်နိုင်ကြ ပါစေလို့ဆုမွန်ချွေ လိုက်ပါရစေ။
11 Feb 2012
ဗုဒ္ဓဘာသာနှင့် ကိုးကွယ်ယုံကြည်မှူ
မေး ။ ။ Wanna —ကျွန်တော်မေးခွန်းလေး
နည်းနည်းလောက်မေးချင်ပါတယ်…အခြားဘာသာဝင်များ အနေဖြင့် ဘုရား၊ တရား၊ သံဃာ
တွင်ယုံကြည်ခြင်းမရှိနိုင်သောကြောင့် အပယ်သွားနိုင်ပါသလား။ သို့မဟုတ်..
အခြားဘာသာဝင်များသည် နဂိုကတည်းက ဘုရား၊ တရား၊ သံဃာ ကို
ယုံကြည်ခြင်းမရှိသဖြင့် … မယုံကြည်ခြင်းကြောင်ဖြစ်ပေါ်သော အကျိုးကို
ခံစားရခြင်း မရှိနိုင် ပါသလား။
ဖြေ ။ ။ ဗုဒ္ဓဘာသာကို ကမ္ဘာက Religion လို့ သတ်မှတ်ထားတဲ့ ဘာသာတွေနဲ့
မရောထွေးလိုက်ပါနဲ့ ။ Religion ဆိုတာက ယုံကြည်ကိုးကွယ်ခြင်းနဲ့
ဆုတောင်းခြင်းကို အခြေခံပါတယ်။ ဗုဒ္ဓဘာသာမှာက ကျင့်စဉ်ဆိုတာပါနေတယ်။
ဘယ်သူကျင့်ကျင့် ကျင့်တာနဲ့ ထူးခြားစေတဲ့ ဓမ္မတရားတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်ကို ဖူးရရုံ ၊ နဲ့ ဘုရားရှင်ကို ယုံကြည်နေရုံနဲ့
အပယ်လွတ်မယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ်ပြုတဲ့ ကုသိုလ်ကောင်းမှု ၊ အကုသိုလ်
မကောင်းမှုတွေ က သာ ကိုယ့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘုရားနဲ့
ညီအကိုလဲတော် ၊ ယောက်ဖလဲဖြစ် ၊ ဘုရားကို သက်ရှိထင်ရှားဖူးတွေ့ရတဲ့ ဒေ၀ဒတ်
အ၀ီစိ ကျရတာ ၊ ပုထုဇဉ်တွေထဲမှာ ဘုရားရှင်ကို ယုံကြည် ကိုးကွယ်သူ ကြည်ညို
တဲ့ အရာမှာ အမြတ်ဆုံးပါလို့ ဘုရားရှင်ကိုယ်တော်တိုင်ချီးကျူးရတဲ့ အဇာတသတ်
သူပြုတဲ့ ပိတုကာရက ကံကြောင့် အပယ် လောကန္တရိတ်ငရဲကျရတာတွေ ဟာ သာဓကတွေ
ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် ၊ အစ္စလာမ်ဖြစ်ဖြစ် ၊ လူကြီးဖြစ်ဖြစ်၊
ကလေးဖြစ်ဖြစ် ငရုတ်သီးစားရင် စပ်မှာပဲ ၊ သကြားစားရင် ချိုမှာပါပဲ ။
ဒိလိုပဲ ကုသိုလ်လုပ်ရင် ကောင်းမှုအကျိုးခံစားရမယ်။ အကုသိုလ်လုပ်ရင်တော့
မကောင်းမှုအကျိုးခံရမှာပါပဲ ။ ဒီတော့ ကောင်းမှုဆိုတာဘာလဲ ၊
မကောင်းမှုဆိုတာဘာလဲ ဆိုတာကို သေသေချာချာရှင်းလင်းဟောပြောမှုမှာ ဗုဒ္ဓဘာသာက
အရမ်းကို စနစ်ကျတယ်။
သီတဂူဆရာတော် ကို အမေရိကန်က ပရောဖက်ဆာကြီးတစ်ဦးက တရားပွဲအပြီးမှာ
အခန်းထဲပင့် ၊ တံခါးကို ပိတ်ပြီး မေးတာ ဒီမေးခွန်းပဲ ။ ကောင်းမှုဆိုတာ
ဘာလဲ ။ မကောင်းမှုဆိုတာဘာလဲ တဲ့ ။ သူ့ကို ဒါတောင်မသိဘူးလားလို့
ဗုဒ္ဓဘာသာတွေက လှောင်မှာဆိုးလို့ တံခါးပိတ်ပြီးမေးရတာပါတဲ့ ။
ကောင်းမှုဆိုတာ ဗုဒ္ဓအလိုအရ ပုညကြိယာဝတ္ထု (၁၀)ပါး ၊ မကောင်းမှုကတော့
ဒုစရိုက်(၁၀)ပါးပဲပေါ့ ။
ဒီတော့ နိုင်ငံခြားသာသနာပြုခရီးတွေမှာ ဗုဒ္ဓဘာသာဝင်ပြီးမှာ
တရားကျင့်စဉ်တွေ သင်ပေးမယ်လို့လဲ မရှိပါဘူး။ World Buddhist Summit
(၂၀၀၅) အပြီးမှာ အီရန်က မွတ်စလင်တွေ သင်ခိုင်းတုန်းကလဲ စစ်ကိုင်းမှာ
သင်ပေးတာပါပဲ ။ စိတ်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို လိုချင်ရင်
ဘယ်သူဖြစ်ဖြစ်ကျင့်လို့ ရပါတယ်။
ဗုဒ္ဓ ဆိုတာကို ဆုံးမသူ (ဆရာ) အဖြစ်သာ နားလည်ရပါတယ်။ တန်ခိုးရှင် ၊
ဖန်ဆင်းရှင်ဆိုတာနဲ့ ကွာပါတယ် ။ သူက ဒုက္ခအားလုံးတကယ်ချုပ်တာဟာ
နိဗ္ဗာန်ဖြစ်တယ်၊ ဒီနိဗ္ဗာန်ကို အသက်ရှင်လျက်မှာပဲ လက်တွေ့ရောက်အောင်ဘယ်လို
သွားလို့ ရတယ်ဆိုတာကို ပြောပြတယ် ။ သွားချင်သူတွေ အတွက် မဂ္ဂင်ဖောင်ဆိုတဲ့
လမ်းစဉ်(၈)ပါးချမှတ်ပေးတယ် ။ ပြီးတော့ သွားတဲ့ ခရီးမှာ ဒီကွေ့မှာ
အတားအဆီးကို ဒီလိုကျော်ပါ ၊ ဟိုကွေ့မှာ ဟိုလိုကျော်ပါ စသည်
စနစ်တကျသင်ကြားပေးတယ်။ လက်ရှိဘ၀မှာတင် နိဗ္ဗာန်ဆိုတာကို မြင်ရအောင်
ကျင့်နိုင်ကြတယ်။ ဒီတော့ မဂ္ဂင်ဖောင် ကို ပေးနိုင်တဲ့ ဗုဒ္ဓရဲ့ ပညာ ရယ်၊
အကျင့်သီလပိုင်းရယ်ကို ယုံကြည်ကြတယ်။ လေးစားကြတယ်။ ဒီတော့ သူ့ကို
ကိုးကွယ်ကြတယ်။ ဒီမဂ္ဂင်ဖောင်ကို စီးပြီး သွားရာမှာ လှော်ခတ်ဖို့၊
အတားအဆီးတွေမှာ ဗုဒ္ဓပြောသလို ကျော်ဖြတ်ဖို့ကတော့ မိမိကိုယ်သာ ကိုးကွယ်ရာ
ဆိုတာပါပဲ ။
ဒါကြောင့် ဗုဒ္ဓဘာသာမှာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာတစ်ခု အရေးပါနေတယ်။
ဘုရားသခင်ကို ယုံကြည်ယုံနဲ့ ကိစ္စပြီးပြီလို့ လက်ခံသူတွေအတွက် ဒီ အချက်က
ရှုပ်သွားစေတယ်။
နောက်တစ်ခု ဗုဒ္ဓဘုရားရှင်ကို မယုံကြည်ဘဲ ကျင့်ရင်လဲ
နည်းမှန်အောင်လိုက်ကျင့်လို့ကတော့ တရားထူးကို ရနိုင်ပါတယ်။ သန္ဒိဋ္ဌိကော ၊
ဧဟိပသိကော စတဲ့ တရားဂုဏ်တော်များက ဒီအချက်ကို သက်သေပြုပါတယ်။
အီဂျစ်နိုင်ငံ မာအတ် ဘုရားကျောင်းက ရှေးဟောင်းခရစ်ယာန်ကြီးတွေဟာ
သမထကျင့်စဉ်တွေကို သီဟိုရ်ကနေသင်ပြီး ကျင့်ကြတယ်။
လေလုံအိမ်တွေမှာတောင်နေပြီး သမာဓိကောင်းကောင်းရအောင် ကြိုးစားကြတယ်။
အတော်ဆုံး ဖာသာကြီးတွေ ကမ္ဘာ(၄၀) အထိ ရှေ့ ၊နောက် ဘ၀တွေကို
မြင်နိုင်ကြောင်း သက်သေပြနိုင်ကြတယ်။ သူတို့ ကမ္ဘာစပုံ ၊ ပျက်ပုံ
တွေ့၇တယ်။ သိရတယ်။ကမ္ဘာစဖြစ်လာနေတဲ့ အချိန်မှာ ဖန်ဆင်းရှုင် ဘုရားသခင်ကို
ရှာမတွေ့ကြောင့်တော့ ၀န်ခံရတယ်။ ( The Supreme Science of The BUddha by
Egerton C. Baptist) ဒီစာအုပ်မှာ ပါပါတယ်။သူတို့ ကမ္ဘာ(၄၀) ကို
ကျော်ပြီးမြင်ချင်ကြတယ်။ မရဘူး။ သီဟိုရ်မှာ ပြန်သွားမေးတယ်။
သီဟိုရ်ဆရာတော်တွေက အထောက်အထားနဲ့ ရှင်းပြရတယ်။ ကိလေသာမကင်းလို့ပါတဲ့ ။
သူတို့ ရတဲ့ အဘိဥာဉ်ဟာ အရှင်အနုရုဒ္ဓါ ရဟန္တာမဖြစ်ခင်ရတဲ့
စွမ်းအားဖြစ်နေပြီနော် ။ သိပ်တော်ကြတယ် ။ ဒီမှာကြည့်ရင် ဘုရားရှင်
မရှိတော့ ပေမယ့် သူဟောခဲ့ သင်ကြားခဲ့တာတွေကို ဗုဒ္ဓဘာသာမ၀င်ပဲ ကျင့်လဲ
ရတယ်ဆိုတာ သေချာနေတယ်။
မြန်မာ ဗုဒ္ဓဘာသာတွေက ဒါန ၊ သီလ ၊ ဘာဝနာ ဒီလို အစဉ်နဲ့ လုပ်တယ်။
အနောက်နိုင်ငံသားတွေက ဘာဝနာ ၊သီလ ၊ ဒါန နဲ့ လုပ်တယ်။ ဘာဝနာလုပ်ကြည့်တယ်
သဘောကျပြီးမှ ဗုဒ္ဓဘာသာကို ၀င်တယ်။ သီလဆောက်တည်တယ်။ လှူတာကို နောက်ဆုံးမှ
လုပ်တယ်။ ဖားအောက်တောရမှာ တရားကျင့်သွားတဲ့ အမေရိကန် ကျောင်းသားဆိုရင်
ဗုဒ္ဓဘာသာမ၀င်ပါဘူး။ ကျောင်းမှာနေပြီး သမထတွေ လုပ်တယ် နတ်၊ဗြဟ္မာ
၊ပြိတ္တာတွေကို သူ့ဟာသူမြင်ရအောင် ကြိုးစားကျင့်တယ်။ ဈာန် သမာပတ်ကို
ကောင်းကောင်းနိုင်ပြီ၊ (၃၁)ဘုံကို လက်ခံနိုင်ပြီးမှ ဘာသာပြောင်းပါတယ်။
ဒီတော့ ဗုဒ္ဓဘာသာဟာ ယုံကြည်တယ်ဆိုတာနဲ့မပြီးပါဘူး။ ကျင့်မှ ရတယ်။ ကျင့်ရင်
ဘယ်သူမဆို ရနိုင်ပါတယ်။ ကုသိုလ်ကို လုပ်ရင် အားလုံး ကောင်းမှု စံစားရမယ်။
အကုသိုလ်ကို လုပ်ရင် အားလုံး မကောင်းမှု ခံစားရမယ်။ ကံ နဲ့ ကံ၏ အကျိုး ၊
ကံ နဲ့ ၀ဋ်တွေကို ဘယ်သူမှ မလွန်ဆန်နိုင်ကြောင်း ကိုလဲ တော်တော်
ရေးထားပြီးသားမို့ ကျေနပ်မယ်ထင်ပါတယ် ။
့
--
ကမ္ဘာလောကကြီးအတွင်း၌နေထိုင်ကြကုန်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတွေအားလုံး
ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းဖြစ်နိုင်ကြ ပါစေလို့ဆုမွန်ချွေ လိုက်ပါရစေ။
လိုချင်တာတွေ ဖြစ်မြောက်စေဖို့(which you wish)
တစ်ခါက
ကောင်လေးတစ်ယောက်က ပညာရှိကြီးလို လူတွေ သတ်မှတ်ထားတဲ့ “ ဆိုကရေးတီး ”
ဆီကို ရောက်လာတယ်။ သူ့ရင်ထဲမှာ လိုချင်ဖြစ်မြောက်ချင်နေတဲ့ ကိစ္စတစ်ခု
ပြင်းပြင်ပြပြ ရှိနေတယ်။ ဒါကတော့ သူက လူအများပြောနေတဲ့ ပညာရှိကြီး
တစ်ယောက် ဖြစ်ချင်နေတယ်။ ဒါကြောင့် လူအများ ပညာရှိကြီးလို့ လူတွေပြောတဲ့
ဆိုကရေးတီး ဆီကနေ ပညာရှိဖြစ်နည်း တောင်းဖို့ သူထွက်လာတယ်။
ဒါနဲ့ သူ ဆိုကရေတီး ကြီးနဲ့ တွေ့တော့ သူ ခရီးရောက်မဆိုက်ပဲ
သူလိုချင်တာကို တန်းမေးလိုက်တယ်. .
“ ဆရာကြီး ဆိုကရေးတီး ခင်ဗျား။ ဆရာကြီးကို လူတွေက ပညာရှိကြီးလို
ခေါ်ကြပါတယ်။ အခု ကျွန်တော်လည်း ဆရာကြီးလို ပညာရှိ ဖြစ်ချင်ပါတယ်။
ဒါကြောင့် ပညာရှိဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျွန်တော့်ကို
ညွှန်ကြားပေးပါ ခင်ဗျား။ ”
လို့ သူက တောင်းဆိုတယ်။ ဒီတော့ ဆိုကရေးတီးက သူ့ကို သေချာ
စူးစူးစိုက်စိုက်ကြည့်ပြီး ဘာမှ မပြောပဲ တစ်ဖက်ကို လှည့်ပြီး
ထွက်သွားတယ်။ ဒီတော့ ကောင်လေးကလည်း ဘာမှ မသိပဲ . . .
“ ကျွန်တော့်ကို ပညာရှိဖြစ်နည်း သင်ပေးပါလား ဆရာကြီး။ ”
လို့ ပြောရင်း ဆိုကရေးတီး ထွက်ခွာသွားရာကို နောက်က လိုက်သွားသတဲ့။
ဆိုကရေးတီးကလည်း ကောင်လေးကို လုံးဝ မလှည့်ကြည့်ပဲ ။ သူ့ဖာသာသူ အေးဆေးစွာ
လမ်းလျှောက်ပြီး ထွက်သွားတယ်။ ကောင်လေးကလည်း သူ ပညာရှိဖြစ်ချင်တာဆိုတော့
တစ်ချိန်ချိန် ဆိုကရေးတီး တစ်ခုခု ပြောလိမ့်မယ် အထင်နဲ့ နောက်က
လိုက်သွားခဲ့တယ်။ ဒီလိုနဲ့ ဆိုကရေးတီးက ရှေ့ကလျှောက် ကောင်လေးက
နောက်ကလိုက်နဲ့ သူတို့ မြစ်ကမ်းစပ်နားကို ရောက်လာခဲ့တယ်။
ဒီမှာ ဆိုကရေးတီးကလည်း ကောင်လေးရှိနေတဲ့ နောက်ကို လုံးဝ လှည့်မကြည့်ပဲ
မြစ်ထဲကို ဆင်းသွားတယ်။ ဒီတော့ ကောင်လေးကလည်း ဘုမသိ ၊ ဘမသိနဲ့ ဆိုကရေးတီး
ဆင်းသွားရာ မြစ်ထဲကို ဆင်းလိုက်တယ်။ ဒီလိုနဲ့ မြစ်ရေ ရင်ဘတ်လောက်နစ်တဲ့
နေရာလည်း ရောက်ရော ဆိုကရေးတီးက ဘာမှပြော ညာမပြောနဲ့ ကောင်လေးဘက်ကို
လှည့်ပြီး ကောင်လေးကို ဂုတ်ကနေဆွဲပြီး မြစ်ရေထဲ ဆွဲနှစ်လိုက်တယ်။
ရုတ်တရက်ဆိုတော့ ဆိုကရေးတီး က ဒီလိုလုပ်မယ် လို့ မထင်တော့ ကောင်လေး
အလစ်မိပြီး ဆိုကရေးတီး လက်ထဲမှာ “ ဝူးဝူး ဝါးဝါး “ နဲ့ ရေထဲမှာ
အနှစ်ခံနေရတယ်။ ခဏနေတော့ ဆိုကရေးတီးက ကောင်လေးကို ရေထဲကနေ နှစ်ထားရကနေ
ရေပေါ်ပြန်ဖော်ပေးလိုက်တော့ ကောင်လေးက ရေမွန်းပြီး သူ့အသက်ကို
လုပြီးရှူနေရတယ်။ ကောင်လေး ဒီလို အသက်ရှူနေတုန်းပဲ ဆိုကရေးတီးက
ကောင်လေးကို ရေထဲ နောက်တစ်ခါ ဆွဲနှစ်လိုက်တယ်။
ဒါနဲ့ ကောင်လေးလည်း ဆိုကရေးတီး လက်ထဲမှာ ရေမွန်းပြီး “ ဝူးဝူး ဝါးဝါး ”
ဖြစ်နေတော့တယ်။ ခဏကြာတော့ ဆိုကရေးတီးက ကောင်လေးကို လုံးဝ
လွှတ်ပေးလိုက်ပြီး ဘာမှ မပြောပဲ သူ့ဖာသာ ကမ်းပေါ် ပြန်တတ်လာခဲ့တယ်။ ဒီတော့
ရေမွန်းပြီး ဝူးဝူးဝါးဝါး ဖြစ်နေတဲ့ ကောင်လေးက ဆိုကရေးတီး နောက်ကနေ
လိုက်လာပြီး. .
“ ကျွန်တော် ခင်ဗျားကို ဘာလုပ်လို့ ခင်ဗျား ကျွန်တော့်ကို
ရေနှစ်သတ်ရတာလဲ.။ ဘာလို့ ဒီလို လုပ်ရတာလဲ ။ ”
လို့ မေးတယ်။ ဒီတော့ ဆိုကရေးတီးက . .
“ မင်းခုန ရေနစ်နေတုန်းက ဘယ်လိုနေလဲ။ ”
“ ရေနစ်နေပါတယ် ဆိုမှ အသက်ရှူကြပ်တာပေါ့ဗျာ။ ”
“ မင်း အဲဒီလို ရေနစ်နေလို့ အသက်ရှူကြပ်နေတယ် ဆိုတဲ အချိန်မှာ ဘယ်အရာကို
အလိုချင်ဆုံးလဲ။ ”
“ ရေနစ်ပြီး အသက်ရှူကြပ်နေတယ် ဆိုတဲ့ အချိန်မှာ အသက်ရှင်ဖို့ အသက်ရှူဖို့
အတွက် လေကိုပဲ အဓိက လိုချင်တာပေါ့။ ”
ဒီတော့မှ ဆိုကရေးတီးက ပြုံးပြီး.. . .
“ ဒီလိုပဲ. . ။ မင်း ရေနစ်နေပြီး အသက်ရှူကြပ်နေတဲ့ အချိန်မှာ
အသက်ရှင်ဖို့ လေ ကို သလိုမျိုး ၊ မင်းဘဝမှာလည်း “ ဗဟုသုတ ” တွေကို
အာသာငမ်းငမ်း လေ့လာလိုက်စားမယ် ဆိုရင် မင်းဟာ တစ်နေ့ ပညာရှိ
ဖြစ်လာလိမ့်မယ်။ ”
လို့ ကောင်လေးကို ပြောခဲ့ပါတယ်။
“ တကယ်တော့ ကျွန်တော်တို့ ဘဝမှာလည်း ဘယ်အရာက အရေးတကြီး လိုအပ်နေတယ် ၊
ဘယ်အရာကတော့ အရေးမကြီးသေးဘူး ၊ ဘယ်အရာကတော့ မလိုပါဘူး ၊ ဘယ်အရာကတော့
မရှိမဖြစ်လိုနေပြီ ဆိုတာကို သိပြီး ကိုယ်လိုချင်တာကို တစိုက်မက်မက်
လေ့လာလိုက်စားမယ် ဆိုရင် “ ကိုယ်လိုချင်တာ မဖြစ်မြောက်လာစရာ မရှိပါ။ ”
အဓိက နဲ့ သာမည ကွဲပြားနေစေဖို့ပါပဲ.။ ”
မှတ်ချက်။ ။ ဒီအကြောင်းအရာလေးကို ကျွန်တော် Chicken Soup For The Soul (
နှလုံးသား အာဟာရ ) မှာ ငယ်ငယ်က ဖတ်ဖူးပါတယ်။ သို့သော် ဟိုတစ်လောက
ဖတ်လိုက်ရတဲ့ စာက စာရေးဆရာ မတူလို့ ထင်တယ်။ တင်ပြပုံက ကွဲနေတယ်။
ဒါကြောင့်မို့ ဒီပုံစံလေးနဲ ထပ်ရေးလိုက်တာပါ။ ဖတ်ဖူးကြမယ် ထင်ပါတယ်။
မူရင်းခေါင်းစဉ်ကတော့ ဒီလိုဆိုတယ် . . “ Which You Wish ” တဲ့။
ဂျာမန်စာရေးဆရာ Iliya Troyanov ရေးတာပါ။
ကိုဇော် ခံစားပုံဖော်သည်။