24 Aug 2012

ဘုရားသခင်က ချော့ကလက် ပူပူလေးကိုပဲ ကြိုချက်ပေးတာ။ ခွက်တွေကိုတော့ မရွေးပေးဘူး



by ဘဘကြီး ဘဘကြီး ဘဘကြီး on Monday, August 20, 2012 at 2:18am 

ချောကလက် ပူပူနွေးနွေးနှင့် ခွက်ကလေးများ
By Faces Magazine 21 June, 2011 - 13:57
ကျွန်မတို့ဘဝမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကြုံတွေ့ ကြရတတ်ပါတယ်။ “ဘဝဆိုတာ တိုက်ပွဲ” လို့လည်း ဆိုကြသေးတာလေ။ ရှင်သန်နေထိုင် နိုင်ဖို့ကို ရုန်းကန် ကြရသေးတာ။ ကြီးနိုင် ငယ်ညှင်းတာတွေ များရင် များသလို  ရှင်သန် နေထိုင်ဖို့ ကြိုးစားကြရပါတယ်။ သက်ရှိတွေမှာ ကိုယ့်အသက်ကို ရှင်သန်ချင်တဲ့ ဆန္ဒရှိကြတာ ချည်းပါပဲ။ “သေချင်ပါပြီ” လို့ဆိုတဲ့ သူကလည်း ရှင်သန်ချင်နေတာပါပဲ။
Survival of the Fittest လို့ဆိုကြတယ်။ တောထဲက တိရစ္ဆာန် ကလေးတွေကို ကြည့်လိုက်ပါဦး။ သမင်ကလေး ဆိုပါတော့။ သူ့ကိုကျားကြီးက လိုက်ဖမ်းမယ်။ လွတ်အောင်ပြေးနိုင်ရင် ပြေး။ မပြေးနိုင်လို့ကလည်း “သေပြီဆရာ” ပေါ့နော်။
ကျွန်မတို့ လူသားတွေရော။ ကြီးနိုင်ငယ် ညှင်းပမ်းမှုတွေကို ကျော်လွှားပြီး ရှင်သန်နိုင်ဖို့ လိုပါတယ်။ အသက်ရှင်နေရုံနဲ့ ပြီးပြီလား။ လူသားတွေအဖို့ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေ ရှိလာတာမို့ တိရစ္ဆာန်နဲ့စာရင် ပိုရှုပ်ထွေးလာပါတယ်။ တစ်နေ့က သူငယ်ချင်း တစ်ယောက်က မျှဝေလို့ ဖတ်လိုက်ရတာလေးကို လက်ဆင့်ကမ်းချင်စိတ် ပေါ်လာလို့ ရေးလိုက်ရပါတယ်။
စာရဲ့ ခေါင်းစဉ်က "The wisdom In Hot Chocolate" တဲ့။ ဖတ်ဖူးတဲ့ သူတွေလည်း ပါချင်ပါမှာပေါ့နော်။ တစ်နေ့တော့ တက္ကသိုလ်က ဘွဲ့ရပြီး နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ သူငယ်ချင်းတစ်စု ပြန်ဆုံဖြစ်ကြတယ်။ အဲဒီလို ဆုံတဲ့အခါ ဟိုပြောဒီပြောနဲ့ ကိုယ့်ဘဝ ဇာတ်ကြောင်း၊ သူ့ဘဝဇာတ်ကြောင်း ပြန်လှန်ပြောဆို ကြတာပေါ့လေ။ ပြောရင်းဆိုရင်း အကြံတစ်ခု ရကြတယ်။ အဲဒါကတော့ သူတို့ ချစ်ခင်လေးစားရတဲ့ ပါမောက္ခကြီးဆီကို သွားဖို့ပေါ့။ အဲဒီဆရာကြီးက အခုတော့ ပင်စင်စားပါပြီ။ ဆရာကြီး အိမ်ကိုရောက်ပြီး စုဝေးစကားပြောရင်း တချို့က သူတို့ရဲ့ အလုပ်ထဲမှာ တွေ့ရတဲ့ စိတ်ဖိစီးမှု (Stress) တွေနဲ့ ဘဝအမောတွေကို ဆရာကြီးကို ပြောပြကြတယ်။
ဆရာကြီးက သူ့တပည့်တွေကို ချော့ကလက်ရည် ပူပူကလေး (Hot Chocolate) တိုက်တယ်တဲ့။ ချော့ကလက်အိုးကြီးကလည်း အကြီးကြီးပဲတဲ့။ အဲဒီ ချော့ကလက်ရည်တွေ ထည့်ဖို့ ယူလာတဲ့ ခွက်တွေကလည်း မျိုးစုံပဲ။ တချို့က ကြွေခွက်၊ တချို့ကဖန်ခွက်၊ Crystal နဲ့ လုပ်တာပါသေးတယ်။ တချို့က ရှင်းရှင်းကလေး။ တချို့က ဆန်းဆန်းပြားပြား။ တချို့က ဈေးကြီးမှကြီး။ ဆရာကြီးက သူ့တပည့် တစ်ယောက်ချင်းစီကို စိတ်ကြိုက် စားသောက်စေတယ်။
လူတိုင်း ခွက်ကိုယ်စီနဲ့ ဖြစ်တော့မှ ပါမောက္ခကြီးက ပြောတယ်။ “ဈေးကြီးတဲ့၊ လှတဲ့ခွက်တွေကတော့ အကုန် ပြောင်သွားပါလား။ ဈေးပေါတဲ့ ခွက်တွေ၊ ရိုးရိုး ဒီဇိုင်နဲ့ ခွက်တွေကတော့ ကျန်ခဲ့ပါလား။ လူတွေက အကောင်းဆုံးကိုမှ လိုချင်တာ သဘာဝ ကျပါတယ်လေ။ ဒီလို လူတိုင်းက အကောင်းဆုံး လိုချင်လို့ကို စိတ်ဖိစီးမှုတွေကို ခံစားကြရတာကွဲ့။ ပြဿနာတွေလည်း ဖြစ်လာရောလေ” တဲ့။
ဟုတ်ပါရဲ့။ ကျွန်မတို့မှာ တစ်နေ့တစ်နေ့ အကောင်းဆုံး ဆိုတာကိုပဲ လိုချင်ကြတာ။ အဲဒီ အကောင်းဆုံးတွေ အကုန်လုံး ရရင်ရော ကျေနပ်ပြီလား။ ကိုယ့်ဘဝမှာ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး အားလုံး ပြည့်စုံနေရင်တောင် ကိုယ့်သားသမီး၊ တပည့် စသည်ဖြင့် သူတို့ကို အကောင်းဆုံး  ဖြစ်စေချင်ပြန်ရော။ တကယ်တမ်း တွေးကြည့်။ လိုချင်တာ ဖြစ်ချင်တာတွေ များလေလေ၊ ပူလောင်သောက ရောက်ရလေပဲလေ။ ကိုယ့်သားလေးကို အတော်ဆုံး ဖြစ်စေချင်တာ။ သမီးလေးကို ဆုရစေချင်တာ။ ယောက်ျားကို ရာထူး တိုးစေချင်တာ။ စသည် စသည်ဖြင့် မဆုံးနိုင်တဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ပါ။ ဒီဆန္ဒ ပြည့်သွားလို့ ပြီးပြီမထင်နဲ့။ နောက်ဆန္ဒ တစ်ခုက ပေါ်လာပြန်ရော။
ဇာတ်လမ်းကို ပြန်ဆက်ရရင် ဆရာကြီးက ဆက်ပြောတယ်။ “မင်းတို့ကိုင်ပြီး သောက်နေကြတဲ့ ခွက်တွေက ချော့ကလက်ရည် ပိုကောင်းအောင် လုပ်မပေးနိုင်ပါဘူးကွာ။ တစ်ခါတလေ ဈေးကြီးတဲ့ ခွက်နဲ့သောက်တဲ့အခါ ခွက်ပေါ် အာရုံစိုက်ရတာနဲ့ ချော့ကလက် အရသာကိုတောင် မသိတော့ဘူး” “တကယ်တမ်း လိုအပ်တာက ချော့ကလက် ပူပူကလေးတဲ့။ ခွက်က အရေးမကြီးပါဘူးကွာ။ ဒါပေမယ့် အားလုံးက ခွက်အကောင်းမှ လိုချင်ကြတာလေ။ ပြီးတော့ ရှိသေးတယ်။ သူများသောက်နေတဲ့ ခွက်ကို မျက်စိကျတာလေ” တဲ့။ ကျွန်မတို့ တစ်တွေဟာ ကိုယ့်မှာရှိတာကို ခံစားသုံးဆောင်ရုံနဲ့ အားမရဘဲ သူများမှာ ရှိတာတွေကိုပါ လိုချင်မျက်စိ ရှိတတ်ကြသေးတယ်။ ကိုယ်က ကားကောင်းကောင်းစီးပြီး နေရလျက်သားက သူများရဲ့ ကားအကောင်းစားကြီးကို သွားရည် ယိုနေတာမျိုးပေါ့။
ဆရာကြီးက ဆက်ပြောတယ်။ “ဘဝဟာ ချော့ကလက် ပူပူကလေးနဲ့ တူတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ အဆင့်အတန်း စတာတွေဟာ ချော့ကလက် ထည့်ထားတဲ့ ခွက်နဲ့ တူတယ်။ သူတို့တစ်တွေဟာ ဘဝကို စုစည်းပုံဖော် ပေးတာပါပဲ။ အဲဒီခွက်တွေဟာ ဘာတန်ဖိုး၊ ဘဝအရည်အသွေးတွေကို မပြဋ္ဌာန်းနိုင်ပါဘူး” “တစ်ခါတလေ ခွက်ပေါ်မှာ အာရုံစိုက်လွန်းရင် ခွက်ထဲက ချော့ကလက်ရဲ့ အရသာခံစားဖို့ မေ့သွားတတ်ကြသေးတယ်” ဘဝမြင့်မားရေး၊ အလုပ်ဆိုတာတွေနဲ့ “ပိ” နေပြီး ဘဝရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မိသားစု ပျော်ပျော်ရွှင်ရွှင် နေတာမျိုးကို မေ့နေတတ်ကြပါတယ်။
ဆရာကြီးက ပြောသေးတယ်။ “ဘုရားသခင်က ချော့ကလက် ပူပူလေးကိုပဲ ကြိုချက်ပေးတာ။ ခွက်တွေကိုတော့ မရွေးပေးဘူး” တဲ့။ အပျော်ရွှင်ဆုံး လူသားဆိုတာ အမြဲတမ်း အကောင်းဆုံးတွေကို ရနေတာ မဟုတ်ဘူး။ သူတို့က သူတို့မှာ ရှိတာကို အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်သူတွေ ဖြစ်တယ်။ ဒါ စာကြောင်းကလေးကို ဖတ်ပြီး စဉ်းစားမိပါတယ်။ သူဌေးကြီးက မပျော်နိုင်ဘဲ ဆင်းရဲသားက ပျော်နေနိုင်တာ တွေလည်း ရှိတာပဲ။ “အချမ်းသာဆုံးလူဟာ အများဆုံး ရတဲ့လူမဟုတ်။ အလိုအနည်းဆုံးလူ ဖြစ်တယ်” တဲ့။ အလိုဆန္ဒ အနည်းဆုံးထားပြီး အချမ်းသာဆုံး လူသားတွေ ဖြစ်ကြပါစေ။
ဒေါက်တာ ခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း)

မေတ္တာသည်သာ ခွန်အား


ဗယ်တီမိုးမှ ကျောင်းသားများ


တစ်ခါက ကောလိပ်မှ ပါမောက္ခတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဗယ်တီမိုး ပျံကျရပ်ကွက်က လူငယ်(၂၀၀) ၏ ကိုယ်ရေးရာဇ၀င်များကို အမှတ်တမဲ့ စုဆောင်းထားခဲ့ပါသည်။ နောင်အနှစ် (၂၀)ကြာတဲ့ အခါ ဒီကလေးတွေဘယ်အခြေအနေရှိလဲ ဆိုတာ ထို ပါမောက္ခကြီးက စုံစမ်းရာမှာ ကျောင်းသား(၂၀)က
ကွယ်လွန်သွားကြပြီး ကျန်တဲ့ လူငယ် (၁၈၀)ထဲက (၁၇၆)ယောက်သည်အမေရိကန်နိုင်ငံတွင် သာမန်ထက် ပိုထင်ရှားသော…ဥပဒေ ပညာရှင်များ၊ဆရာဝန်များ၊ စီးပွားေ၇းသမားများ၊ သတင်းစာဆရာများ၊
စစ်ရေးစစ်ရာ တာဝန်ယူရသူများ၊ နိုင်ငံအကြီးအကဲများ ဖြစ်နေတာကို တွေ့ရလေ၏။

ထိုကြောင့် ယင်းပါမောက္ခကြီးသည် အံ့သြလွန်းတာနှင့် ဆက်စုံစမ်းမှုပြုခဲ့ရာ
တိတိကျကျ အဖြေတစ်စုံတစ်ရာ မရဘဲ ရှိနေခဲ့သည်။ ထိုအခါ ထိုကျောင်းက
ဆရာမကြီးတစ်ယောက်ရှိသေးတာနှင့် ဆက်၍ စုံစမ်းရာ (၁၇၆)ယောက်လုံွးသည်
ဆရာမကြီး၏ တပည့်တွေဖြစ်နေတာကို တွေ့ရသည်။ ထိုအခါပါမောက္ခကြီးက
အားလုံးထူးချွန်အောင် ဘယ်လိုသင်ခဲ့ ပါသလဲ၊ ခင်ဗျား သင်နည်းစနစ်ကို
သိပါရစေ ဟုဆိုတော့ ဆရာမကြီးက “အို…ကျွန်မ သင်ခဲ့တာ သင်နည်းစနစ်တွေနဲ့
အထူးသင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မကလည်း ဆရာဖြစ်သင်တန်းအောင်လို့
ဆရာဖြစ်ခဲ့တာ မဟုတ်ဘူး။ ဆရာရှားပါးနေချိန်မှာ ဆွဲခန့် ထားတဲ့ ဆွဲခန်
့ဆရာမပါ” ဟု ပြောကြားရာ ပါမောက္ခကြီးက “ဆရာမကြီး တစ်စုံ တစ်ခုတော့
ရှိမှာပါ။ ဆရာမကြီး ပြန်စဉ်းစားပါဦး၊ ဒီကိစ္စက အေ၇းကြီးလွန်းလို့ပါ” ဟု
ဆိုတော့ ဆရာမကြီးက “ဟုတ်ကဲ့၊ တခုတော့ရှိတယ်၊ ကျွန်မက ကလေးတွေကို
ချစ်တယ်၊ ကျွန်မက သူတို့ကို ချစ်ခြင်းမေတ္တာနဲ့ စာသင်ပေးတာ။ ဒါကြောင့်
ကလေးတွေက ကျွန်မကို ဆရာမကြီးလို့တောင် မခေါ်ဘူး၊ အမေလို့ဘဲ ခေါ်ကြတယ်”
ဟုပြန်ပြောကြောင်း သိခဲ့ရပါ၏။
ဒါက ဘာကိုပြောသလဲဆိုတော့ ဆရာဆိုတာ သင်ကြားရုံသက်သက်မဟုတ်ဘဲ မေတ္တာနဲ့
စေတနာနဲ့ သင်ကြားရင် ဆရာဖြစ်သင်တန်းတောင် မလိုဘဲ လိုရာကို ဖန်တီးနိုင်တယ်
ဟူသည့် အဓိပ္ပါယ် ဖြစ်ပါ၏။
------------------------------------------------------------------------------------------------------------

ခွန်အားလိုနေသော အယ်ဒီ

တစ်ခါက အယ်ဒီ ဆိုသော ကလေးတစ်ယောက်ရှိသည်။ သူ့အမေက
သူ့သားစာတွေမလိုက်နိုင်လို့၊ ကျောင်းစာညံ့လို့ အမြဲစိတ်ညစ်ရတယ်။
သားဖြစ်သူစာလိုက်နိုင်အောင် ဆိုပြီး အယ်ဒီကို ကိုယ်တိုင်
စာသင်ကြားပေးသည်။ သို့သော်လည်း အယ်ဒီက စာမတတ်။
ထိုကြောင့် အမေက သူ့ခင်ပွန်းကို “ကလေးစာညံ့တာဟာ ရှင့်ဘက်က အမျိုးတွေဆီက
စာညံ့တာတွေ ပါလာလို့ ရှိမှုာ။ ရှင်ကိုယ်တိုင် ကလည်း ကလေးကို စာသင်”
ဆိုပြီး သင်ခိုင်းတယ်။ အဖေဖြစ်သူက အယ်ဒီကို စာသင်ပေးရှာသည်။
သို့သော် အယ်ဒီက တိုးတက်မှုမရှိ။ ဒုံရင်းဒုံရင်းပဲ ဖြစ်သည်။ ထို့ကြောင့်
အဖေက “ငါသင်လို့တော့ အယ်ဒီ စာတတ်မှာ မဟုတ်ပါဘူးကွာ” ဟု ဆို၏။
သို့သော်လည်း စိတ်မလျှော့ဘဲ စနေ၊တနင်္ဂနွေများတွင် သားအတွက်
ဆရာမတစ်ယောက်ငှားပြီး စာသင်ကြား၏၊ မရပါ။
သည်တော့ အယ်ဒီအမေက “ ကျွန်မသိပြီ၊ တစ်နေ့က ဖတ်ရတဲ့ စာအုပ်တစ်အုပ်ထဲမှာ
ပင်လယ်ငါးဟာ ဥာဏ်ရည် ဥာဏ်သွေးကို ထက်မြက်စေတယ် လို့ ရေးထားတယ် ”ဟုဆိုကာ
အယ်ဒီအား ပင်လယ်ငါးကျွေးမယ်ဆိုပြီးလည်း ကျွေးပါရဲ့။ ဒါပေမယ့် ဥာဏ်ရည်
ဥာဏ်သွေးက တက်မလာဘဲရှိတယ်။ တချို့စာအုပ်တွေက ကလေးဥာဏ်ရည်
ဥာဏ်သွေးတက်စေလိုလျှင် ကလေးကို စိတ်ညစ်အောင်မလုပ်ရဘူး လို့ဆိုတာနှင့်
အမေလည်း မဆိုရက်၊ မပြောရက်နဲ့ အရိပ်တကြည့်ကြည့်ထား၏။ အယ်ဒီကစားဖို့
ဆိုပြီး သီးသန့်အခန်းလေးပင် လုပ်ပေးသည်။
သို့သော် အယ်ဒီသည် အဋ္ဌမတန်းရောက်သောအခါ အယ်ဒီ၏ဥာဏ်ရည်ဥာဏ်သွေးသည် သိသိသာသာ
တိုးတက်လာခဲ့၏။ အယ်ဒီအမေနှင့် အဖေကလည်း ၀မ်းသာသည်။ သူတို့သားလေး
ဥာဏ်ရည်တက်လာကြောင်းအရပ်ထဲမှာ ပြောကြားကြ၏။
အယ်ဒီက အဋ္ဌမတန်းတွင် စာလည်းပိုကျက်လာသည်။ ကျောင်းစာအုပ်နဲ့လည်း
ပိုပြီးပျော်ပိုက်လာသည်။ ဥာဏ်ရည်လည်း ပိုတိုးတက်လာသသည်ကို တွေ့ရ၏။ ဒီတော့
အမေက… “အယ်ဒီ၊ မင်းစာလည်း ပိုကျက်မှတ်လာတယ်။ ဥာဏ်ရည်လည်းတက်လာတယ်၊
ဘာဖြစ်လို့လဲ” မေးတော့ အယ်ဒီက “ အမေ၊ အခုသားတို့ ခြောက်တန်းကို
ပြောင်းလာတဲ့ ဆရာအသစ်က သားကိုချစ်တယ်။ ဆရာက ကျောင်းဆင်းရင် သားပခုံးကို
ပုတ်ပြီး အယ်ဒီ မင်းစာကျက်နော်” လို့အမြဲပြောတယ.်။ ဆရာလေးက သားပခုံးကို
အဲသလိုပုတ်ပြီးပြောတိုင်း သားစိတ်ထဲမှာ စာကျက်ချင်တဲ့ စိတ်တွေ
တိုးတက်လာတယ်.။ နောက်ပြီးတော့ သားဆရာက သားလို လည်းချစ်တယ်” ဟုဆိုပါသည်။
“မင်းကို ခြောက်တန်းဆရာက ချစ်တယ် ဆိုတာ သားက ဘယ်လိုလုပ်သိတာလဲ” ဟု
အယ်ဒီအမေက သွေးတိုးစမ်းပြီး မေးကြည့်သည်။ ထိုအခါ အယ်ဒီက ….
“အို..အမေကလည်း ဆရာက သူ့အနီးကြည့် မျက်မှန်ကို မပြီး ကျွန်တော့ကို
လှမ်းလှမ်းကြည့်တတ်တယ် အမေရဲ့”ဟု ဆိုပါ၏။
ဆရာဆိုသည်မှာ စုန်းကဝေများလို တပည့်များအပေါ် ပြုစားနိုင်လောက်အောင်
သြဇာကြီးမားသည်။ ဆရာက သူ၏ အနီးကြည့်မျက်မှန်ကိုမပြီး
လှမ်းကြည့်လိုက်သောအကြည့်ကပင်လျှင် အယ်ဒီ၏ ဥာဏ်ရည် ဥာဏ်သွေးကို ပို၍
ထက်မြက်လာစေခဲ့၏။ ဆရာတို့၏ တပည့်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာသည် တပည့်၏
ဘ၀ကို ပြောင်းလဲစေနိုင်သည်။ အယ်ဒီဘ၀ကို ပြောင်းလဲစေနိုင်သည့် ဆရာသည်
တပည့်၏ ဘ၀ကို ညှို့ ယူပြောင်းလဲလို့ရပါက သင်ကြားမှူသက်သက်ဖြင့်ကားမရ၊
ဆရာ၏ ချစ်ခြင်းမေတ္တာနှင့် စေတနာပါ လိုအပ်သည်။

(ချစ်စံဝင်း၏ “မြန်မာကျောင်းဆရာ” စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်)

--
*--

Be Happy,*****
* Moe Moe.*
*

20 Aug 2012

သုတရှိ E book များစာရင်း (စာအုပ်အမည်အလိုက်- မြန်မာဘာသာဖြင့်)


By Innavore Lyrics, Naymyo Nwe and Harry Lwin

Knowledge & Wisdom Talks (သုတပညာလေထန်ကုန်း)
(၁)
(က)
  • ကျွန်တော်သိမီသော လူရွှင်တော်ကြီးများနှင့် ကျွန်တော်နှင့်ခေတ်ပြိုင် လူရွှင်တော်များ - ချစ်စရာhttps://www.facebook.com/groups/thihapyanche/418731964839128/
(ခ)
(ဂ)
(ဃ)
(င)
(စ)
(ဆ)
(ဇ)
(စ်)
(ည)
(တ)
(ထ)
(ဒ)
(ဓ)
(န)
(ပ)
(ဖ)
(ဗ)
(ဘ)
(မ)
  •  
(ယ)
(ရ)
(လ)
  • လောကဇာတ်ခုံ ဇာတ်ခုံလောက - (ခင်မျိုးချစ် ချစ်ဦးညို)http://www.facebook.com/groups
(ဝ)
(သ)
(ဟ)
(အ)