31 Dec 2013

ဆရာ့စကား မှတ်သားနာယူ(၂)


''မြန်မာပြည်ဟာ နှစ်ပေါင်း တစ်ရာကျော် အင်္ဂလိပ်အစိုရကအုပ်ချုပ်ခဲ့တယ်။
အင်္ဂလိပ် အစိုးရအုပ်ချုပ်စဉ် ပညာရေး စာသင်ကျောင်းကိစ္စတွေကို
ခရစ်ယာန် အသင်း အဖွဲ့တွေကို လွှဲပေးလိုက်တယ်။သူတို့ကို အားလည်းပေးတယ်။
သူတို့အချင်းချင်းမဟုတ်လား။ဒီလိုနဲ့ သာသနာပြုကျောင်းတွေ ဟည်းနေအောင်
ပေါ်လာတော့တာပေါ့။ခရစ်ယာန် သာသနာလည်း ဖွံ့ဖြိုးလာတာပေါ့။
တပည့်တော်တို့ ဗုဒ္ဓသာသနာတော် တက်လာစေခဲ့တဲ့ ပညာရေးစနစ်
အစဉ်ကိုကြည့်လိုက်ရင် ပထမဘုန်းကြီးကျောင်းသား၊နောက်ကိုရင်လေး၊
အဲ့ဒီနောက် ပဉ္ဇင်း စသည်အားဖြင့် အစဉ်လိုက်တက်လာတာပါ။
အဲ့ဒီလို တက်လာတဲ့ အရှိန်ကို ဖြတ်ပစ်သလို ဖြစ်တယ်လို့ တပည့်တော်
ခံစားရပါတယ်။ အဲ့ဒီ အချိန်ကစပြီ လူငယ်တွေလည်း ဘုန်းတော်ကြီးတွေနဲ့
မထိတွေရတော့ဘူး။သာသနာ အရှိန်အ၀ါ အောက်မှာ မရှိတော့နိုင်ဘူး။
ဘုန်းတော်ကြီးကျောင်းတွေရဲ့ အရှိန်အ၀ါအောက်က ဝေးသွားတဲ့
လူငယ်လေးတွေကို သူတို့ ခရစ်ယာန် သာသနာကို သင်ပေးတော့တာပါပဲ။
ဒါကြောင့် အရှင်ဘုရားတို့ ခေတ်မှာ လောကီ၊လောကုတ္တရာ
ကျယ်ကျယ်ပြန့်ပြန့်လေ့လာ အားထုတ်ပါ၊ပြန်လည် ပို့ချပေးတော်မူကြပါဘူရား''တဲ့
ဆရာကြီး ဦးကိုလေးရဲ့ သြ၀ါဒ စကားပါ။တချိန်က န ပ သ စာသင်ခန်းထဲမှာ
ဆရာကြီးပြောခဲ့တာတွေ သတိတရရှိလို့ မှတ်တမ်းတင်လိုက်တာပါ။

No comments:

Post a Comment