31 Dec 2013

ဆရာ့ စကား မှတ်သား နာယူ

တပည့်တော်ရဲ့ စာသင်ခန်းထဲက ကျောင်းသားတွေကို
တပည့်တော် အမြဲ ဆုံးမတဲ့ စကားတခွန်းရှိတယ်။
အဲ့ဒီ အချိန်က ဆိုရှယ်လစ်တွေ၊ကွန်မြူနစ်တွေ
ခေတ်စားနေတဲ့ အချိန်ပေါ့။
ကျောင်းသားတွေကို''မင်းတို့ နိုင်ငံရေးတွေ ဘာတွေ လုပ်မနေနဲ့။
ကိုယ်သင်ယူနေတဲ့ ပညာကိုသာ ထူးထူချွန်ချွန် ဖြစ်အောင်
သင်ယူကြစမ်းပါ။ ငါလည်း ဘိလပ်မှာနေတုံးက မင်းတို့
ခုခေတ် အော်နေတဲ့ ဆိုရှယ်လစ်တွေ၊ကွန်မြူနစ်တွေ၊ဒီမိုကရေစီတွေ
လေ့လာခဲ့ဖူးပါတယ်။နောက်ဆုံးတော့ ပညာ မတတ်ရင်
ဘယ်လိုလုပ်ပီးတော့မှ တိုးတက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး''လို့
တပည့်တော် အမြဲဆုံးမတယ်။''အကြိုက်ချင်း တူချင်မှ တူမယ်၊
သေချာတာက ပညာမဲ့ရင် ဘာမှလုပ်နိုင်စွမ်း မရှိပါဘူး။
ဒါကြောင့် ကိုယ့်ပညာရေးကို တောက်ပြောင်အောင် ကြိုးစားကြပါ ဘုရား''တဲ့
ဆရာ့ ရာပြည့်ပွဲအထိမ်းအမှတ် ကြေးသွန်းရုပ်တု လုပ်ကာ
မန်း တက္ကသိုလ် ပင်မဆောင်ရှေ့မှာထားရှိကြောင်း ၂၅ ရက်နေ့
သတင်းစာမှာ ဖတ်ရလို့ သတိတရနဲ့ရှိတာနဲ့ မှတ်စုစာအုပ်ထဲက
မှတ်တမ်းလေး ပြန်ရေးလိုက်တာ။

No comments:

Post a Comment