5 May 2013

အာဠာဝကလို စိတ်မျိုး မွေးပါ


အာဠာဝကလို စိတ်မျိုး မွေးပါ
******************
ပြောရရင် . . .
အာဠာဝကဆိုတဲ့ ဘီလူးကြီး
ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲပြီးတဲ့ နောက်ပိုင်းမှာ
အာဠာဝက ဘာကြေငြာသလဲဆိုတော့ . . .
'လောကမှာ သူသည် နဖူးနဲ့၊ ဒူးနဲ့၊ တံတောင်နဲ့ ရှိခိုးရမယ်ဆိုလို့ရှိရင်
ဗုဒ္ဓရှင်တော်ကိုသာ ရှိခိုးတော့မယ်။
အခြားဘယ်သူ့ကိုမှ မရှိခိုးတော့ဘူး' တဲ့
အာဠာဝကဘီလူးတောင် အဲဒီစိတ်မျိုးရှိတယ်။

အခုတော့ ဘုန်းကြီးတို့ ပရိသတ်က
ဘုရားရှိခိုးပြီးရင် ဟိုဘက်မှာ ဘီလူးရော၊ နတ်ရော၊ ၃၇ မင်းရော
အကုန် ကုန်းပြီးတော့ ရှိခိုးနေတာ တွေ့ရတယ်။

အဲဒီလိုဆိုတော့
ဘုရားလည်းပဲ ရှိခိုးတယ်။
ဟိုဘက်လည်း ရှိခိုးတယ်။

ဘုရားနဲ့ သာသနာပ သတ္တဝါတွေကို တန်းတူထားရင်
ဘုရားတန်ဖိုးက ကျသွားမယ်။

အဲဒါကို မသိကြတော့ ကိုယ့်သရဏဂုံကို ကိုယ်နှိမ့်ချသလို ဖြစ်သွားတယ်။
အဲဒါကြောင့် အာဠာဝကရဲ့ စိတ်ထားမျိုး မွေးဖို့လိုတယ်လို့
တိုက်တွန်းချင်တယ်။

(သီတဂူ အရှင်ဉာဏိဿရ ဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၇၄) မှ
ကောက်နုတ်ပူဇော်ပါသည်။
မျှဝေလျှက်
မြတ်သောမောင်

No comments:

Post a Comment