24 May 2013

“၉၆၉”မှာ ဈေးဝယ်ရင် မြတ်ဗုဒ္ဓ သာဓုခေါ်ပါ့လား



------------------
ယနေ့အချိန်မှာ ဗုဒ္ဓဘာသာဝင်များကို မွတ်စလင်ဘာသာဝင် ဘင်္ဂါလီကုလားလူမျိုးများက လွှမ်းမိုးဖို့ကြိုးစားနေ၏။ ယနေ့ ဖြစ်ပွားနေသည့် ပဋိပက္ခများသည် မွတ်စလင်ဘာသာဝင်များက လူပါးဝသောကြောင့်ပင်။

ထိုပဋိပက္ခတို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ့တိုင်းရင်းသားများ ငြိမ်းငြိမ်းချမ်းချမ်း မနေကြရတော့ပေ။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် သူတို့၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ် နေကြရပေမည်။

သို့သော် အသိဥာဏ်နုနယ်သည့် တချို့ဗုဒ္ဓဘာသာဝင် မြန်မာ့တိုင်းရင်းသူသည် အယူဝါဒ မတူညီသည့် ဘာသာခြားများနဲ့ ပေါင်းသင်းဆက်ဆံကြ၏။ စီးပွားရေး အတူတူလုပ်ကြ၏။

ထိုသို့ရောယှက်သဖြင့် “အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းညိ” ဆိုသကဲ့သို့ ဘာသာခြားတို့နှင့် အိမ်ထောင်ပြုသွား၏။ ထိုမှတပါး ဘာသာခြားနဲ့ အိမ်ထောင်ပြုသွားသည့် တချို့သမီးများက မိဘအမွေကို ရလိုစိတ်ဖြင့် မိဘကို တရားစွဲကြ ပြန်သတဲ့။

အထက်ပါအကြောင်းတရားကြောင့် ကြိုတင်ကာကွယ်နိုင်ရန်အလို့ငှါ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များက ဗုဒ္ဓဘာသာဝင်အချင်းချင်း အလုပ်အတူတူလုပ်ဖို့၊ စိတ်တူကိုယ်တူနေကြဖို့ ၊ သာသနာ၏အမှတ်တံဆိပ် “၉၆၉”တံဆိပ်ကို ဆိုင်းဘုတ်များတွင် ထည့်ရေးကြဖို့၊ ယင်းအမှတ် တံဆိပ်ဆိုင်မှာသာ ဈေးဝယ်ကြဖို့ နှိုးဆော်လျက် ရှိပေသည်။

မင်းကွန်းဆရာတော် ကြီးကလည်း ဗုဒ္ဓဘာသာဝင်ဆိုင်ကသာ ဈေးဝယ်ဖို့၊ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ ရောင်းဝယ်ဖောက်ကားဖို့ ညွှန်ကြားခဲ့ပါသည်။ ထိုသို့မိန့်တော်မူခြင်းမှာလည်း ဘာသာခြားတွေကို မေတ္တာမရှိလို့ မဟုတ်ပါ။ ကိုယ့်လူမျိုးများသည် အခြားလူမျိုးများနဲ့ ရောယှက်ပြီး အမျိုးပျက်သွားမည် စိုးသော ကြောင့် ဖြစ်ပါသည်။

အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခြင်းသည် ဘုရားမြတ်စွာ ချီးမွမ်းတော်မူသည့်အလုပ် ဖြစ်သည် မဟုတ်ပါလော။

ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို ရည်ညွန်းသော “၉၆၉”တံဆိပ်ကို အသုံးပြုလျှင် ရတနာသုံးပါးဂုဏ်ကို အောက်မေ့သတိရသည့်အတွက် အနုဿတိ ဘာဝနာကုသိုလ်ဖြစ်၍ နေပေသည်။

ဈေးဝယ်တိုင်း ကုသိုလ်ရအောင် နှိုးဆော်တိုက်တွန်းထားခြင်းဖြစ်ပေသည်။
မြန်မာ့တိုင်းရင်းသားတိုင်း လိုက်နာကျင့်သုံးအပ်ပေစွာ့။ ဒီလိုသာ ညီညွတ်လျှင် မည်သည့် အန္တရာယ်ကိုမှ ကြောက်စရာမလိုပါ။

ထို့အပြင် ဘုရားမြတ်စွာက ရှင်လူအများကို အချင်းချင်း ပြဿနာမဖြစ်အောင် နေကြဖို့ မိန့်မှာတော်မူခဲ့၏။ (၀ိဝါဒံ ဘယတော ဒိသွာ)။ ဘာ့ကြောင့်နည်း။ “သမဂ္ဂါနံ တပေါ သုခေါ”ဆိုသည့်အတိုင်း ညီညွတ်မှ အောင်မြင်ကြီးပွားမည် မဟုတ်ပါလော။

ညီညွတ်မှုဆိုသည်မှာ အများအားဖြင့် အယူအဆ၊ အပြုအမူ တူညီမှုအပေါ်မှာ အခြေခံထား၏။ အယူအဆမတူညီလျှင် စိတ်တူကိုယ်တူ အလုပ် မလုပ်နိုင်တော့ပေ။ စိတ်တူကိုယ်တူ အလုပ်မလုပ်နိုင်လျှင် ညီညွတ်မှုဆိုသည်မှာ ရဖို့ ခဲယဉ်းသွားပေတော့သည်။

မှန်၏။ မိမိတို့ သံဃာများသည် ဘာသာခြားခေါင်းဆောင်များနှင့် အတူနေ အတူစားလို့ မဖြစ်ပေ။ ဘာ့ကြောင့်နည်း။ အယူဝါဒ မတူညီသောကြောင့်တည်း။ “သံဃာ”ဆိုသည်မှာ အယူဝါဒ၊ သီလ တူညီသည့် အဖွဲ့အစည်း ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် သံဃာတော်များသည် ဘာသာခြားတို့အပ်ါမှာ မေတ္တာထားကြသော်လည်း သူတို့နှင့်တော့ ကင်းအောင် နေကြရပေသည်။

မေတ္တာက မေတ္တာတကဏ္ဍ၊ ပေါင်းသင်းဆက်ဆံရေးက ပေါင်းသင်းဆက်ဆံရေး တစ်ကဏ္ဍဖြစ်သည်။ ထိုကဏ္ဍ ၂-ခုရောယှက်လို့ ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ပါ။ ရောယှက်လိုက်လျှင်လည်း “ရဟန်းသံဃာ”ဆိုသည်မှာ ရှိနိုင်တော့မည် မဟုတ်ပေ။

သာဝတ္ထိမြို့၌ အယူဝါဒဖောက်ပြန်နေတဲ့ ကိုရင်တစ်ပါးရှိခဲ့ဖူး၏။ ဘွဲ့နာမည်က “အရိဋ္ဌ”။ သာသနာကို တန်ဖိုးထားသည့် ဓမ္မ၀ါဒီရဟန်းတော်များက အရိဋ္ဌကို “မိစ္ဆာဒိဋ္ဌိ”ကို စွန့်ဖို့ရန်အတွက် အမျိုးမျိုးဆုံးမကြ၏။ သို့သော် အရိဋ္ဌသည် လက်မခံပါ။

ဒီလိုဖြစ်နေတာကို သိပါလျက် ရဟန်း ၆-ပါးကော်မတီက အရိဋ္ဌနှင့် အတူနေအတူထိုင် အတူစားကြ၏။ ထို့ကြောင့် ဘုရားမြတ်စွာက “ရဟန်းတော်များသည်
အယူဝါဒ မတူညီသည့်သူ (မိစ္ဆာဒိဋ္ဌိ)များနှင့် အတူတူ မနေသင့်၊ မစားသင့်ကြောင်း၊ အတူနေ အတူစားလျှင် (အာမိသသမ္ဘောဂ၊ ဓမ္မသမ္ဘောဂပြုလုပ်လျှင်) အပြစ်ရှိကြောင်း” အတိအလင်း မိန့်မှာတော်မူခဲ့ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည် အယူဝါဒမတူညီသည့် မွတ်စလင်ဘာသာဝင်များအပေါ် မေတ္ထားထားရမည်မှာ မှန်သော်လည်း သူတို့နှင့် ကင်းအောင် နေရမည်။

ဘာ့ကြောင့်နည်း။ မင်္ဂလသုတ္တန်မှာ အယူဝါဒလွဲမှားနေသည့် လူ့ဗာလများကို မပေါင်းသင့်ရဟု မိန့်မှာတော်မူထားသောကြောင့်တည်း။

သို့ဖြစ်၍ “အယူဝါဒတူညီသည့် မိမိတို့ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ ပေါင်းသင်းဆက်ဆံခြင်း၊ ရောင်းဝယ် ဖောက်ကား စီးပွားရေးလုပ်ခြင်းသည် မြတ်ဗုဒ္ဓ၏ အလိုတော်နဲ့ ကိုက်ညီပါကြောင်း” တင်ပြလိုက်ရပါသည်။


 Ashin Dayweinda ၏  facebook မှ ကူးယူဖော်ပြသည်

No comments:

Post a Comment