9 Jul 2012

  သီဟနာဒ နှင့်ကမ္ဘာကျော် အင်တာဗျူးဝါးစ်

ကမ္ဘာကျော်တွေ အင်တာဗျူးတဲ့ ဗုဒ္ဓ


၁။ နယူတန် နဲ့ ဗုဒ္ဓ
နယူတန်။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တော့ ကမ္ဘာမြေရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပြီ ဗျ။
ဗုဒ္ဓ ။ ။ ကောင်းလိုက်တာ ဒကာကြီးရာ။ ဗုဒ္ဓလည်း အပါယ်လေးပါးရဲ့ ဆွဲငင်အား အကြောင်းကို တွေ့ခဲ့ပါတယ်ဗျ။ သတ္တဝါတွေသေရင် အပါယ်ရောက်ကြတာ များသဗျ။

၂။ ဝန်းကျင်ထိမ်းသိမ်ရေး သမားနဲ့ ဗုဒ္ဓ
ဝန်းကျင်ထိမ်းသိမ်ရေး သမား။ ။ဂေါတမဗုဒ္ဓ ရေ ၊ကျုပ်တို့ ကမ္ဘာကြီးက ပူနွေးသထက် ပူနွေးလာနေတယ် ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးတို့က ခုမှ ပူနွေးနေ၊ ကျုပ်ကဖြင့် အာဒိတ္တပရိတ္တ ပရိယာယ သုတ်ထဲမှာ "The whole world is burning" လို့ သတိပေးခဲ့တာ ကြာပေါ့။ ရဟန်းတွေကို သစ်ပင် ခုတ်ခွင့်ကို မပြုခဲ့ဘူး ဗျ။

၃။ ဘီးလ်ဂိတ် နဲ့ ဗုဒ္ဓ
ဘီးလ်ဂိတ်။ ။ ဗုဒ္ဓ ရေ ကျုပ်တော့ အပျော့စွမ်းအင်ကို တွေ့မိတယ်ဗျ၊ ဒါကို မိုက်ကရို ဆော့ဖ် လို့ အမည်ပေးမလို့ ဗျာ။
ဗုဒ္ဓ ။ ။ ဒကာကြီးက ဒါကို မိုက်ကရို ဆော့ဖ် လို့ ခေါ်သလား။ ကျုပ်ကတော့ ဒါကို အာရှဘာသာနဲ့ အဘိဓမ္မာထဲမှာ သုခုမ ရုပ် လို့ ခေါ်ထားတယ် ဗျ။

၎။ ရေသံသရာ နဲ့ ဗုဒ္ဓ
ရေသံသရာ ။ ။ဗုဒ္ဓ ရေ ၊ ရေဟာ အသွင်ကွဲသွားပေမယ့် အိတ်ခ်ျတူးအို ဓာတ်က မပျက်တော့ အကြောင်း ညီညွတ်တိုင်း ရေဘဲ ပြန်ပြန် ဖြစ်တယ် ဆိုတာ တွေ့ရသဗျာ။
ဗုဒ္ဓ ။ ။ဒကာကြီးကလည်း၊ ရေမှ သံသရာလည်တာ မဟုတ်ပါဘူးဗျာ။ လူလည်း သံသရာလည်တာ ပါဘဲ။ ကျုပ်ပြောထားတဲ့ ပဋိစ္စသမုပ္ပါဒ် အနုလုံက လူသံသရာ ဖော်မြူလာ လေဗျာ။

၅။ ဖလော်ဆော်ဖာ နဲ့ ဗုဒ္ဓ
ဖလော်ဆော်ဖာ။ ။ကြည့်လိုက်စမ်းပါ ဗုဒ္ဓရာ။ တံတားအောက်က ရေတွေ စီးဆင်းသွားနေလိုက်တာ။
ဗုဒ္ဓ ။ ။ရေမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး၊ ဒကာကြီးလည်း စီးဆင်း နေတာပဲလေ။

၆။ ရီဆိုက်ကယ်လစ်တ် နဲ့ ဗုဒ္ဓ
ရီဆိုက်ကယ်လစ်တ်။ ။ကမ္ဘာကြီးကို ကာကွယ်ဖို့ စွန့်ပစ် ပစ္စည်း နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရမယ် ဗုဒ္ဓ ရေ။
ဗုဒ္ဓ ။ ။ ဒီ ကိစ္စကိုတော့ အနန္ဒာနဲ့သာ ဆွေးနွေးတော့ ဗျို့။သင်္ကန်းကနေ အိပ်ယာခင်း၊စောင် ။ အိပ်ယာခင်း၊စောင် ကနေ ကြမ်းတိုက် အဝတ်၊ တစ်ချို့ကို လက်သုတ် ခြေသုတ်။နောက်ဆုံး မြေဩဇာ ဖြစ်အောင် သုံးပြလိမ့်မယ်။ အာနန္ဒာကတော့ သုံးတတ်ရင် သုံးမရတာ ဘာမှ မရှိဘူး လို့ ဆိုလေရဲ့။ ဥတေန မင်း လက်မြှောက်သွား သတဲ့ ဒကာကြီး ရေ။


သီဟနာဒ

(အတွေးဆန်းတွေ ကွန်မြူးတဲ့ ဆရာကို ဂါရ၀ပြုပါတယ်..ကျန်းမာ ပျော်ရွန်စွာဖြင့် ခပ်စိတ်စိတ် ကွန့်မြူးနိုင်ပါစေ)


No comments:

Post a Comment