13 Mar 2013

ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး

လောကမှာ ကဲ့ရဲ့သူဆိုတာ စကားမပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။
နှိုင်းနှိုင်းချိန်ချိန် တိုင်းတိုင်းဆဆ ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။
စကားတွေ သိပ်ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။
တကယ်တော့ ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး။
ဒီတော့ ကဲ့ရဲ့မှာကို တွေးကြောက်မနေနဲ့။
ကိုယ်ကသာ အလုပ်မှန်ကန်နေပေ့စေ။
ကြောက်စရာမလို၊
စိတ်အား သေးနုပ်တဲ့သူတွေဆိုတာ ကဲ့ရဲ့တတ်စမြဲပဲ။
အဲဒါမျိုးကိုပြောတာ။
"လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း၊
လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏"။
လူကောင်းတစ်ယောက် ချီးမွမ်းမှုကိုသာ အရေးစိုက်ပါ။

( ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment