21 Feb 2013

ဒါနတရားဖြင့် ငြိမ်းချမ်းသောကမ္ဘာ

••••••••••••••••••••••••••••••
••

“ ယနေ့ကမ္ဘာမှာဖြစ်နေတဲ့ တင်းမာမှုတွေ၊
စစ်ပွဲတွေဟာ Power လွှမ်းမိုးလိုမှု နဲ့
ကြွယ်ဝချမ်းသာမှုကို အလွန်အမင်း
မက်မောနေခြင်းမှာ အဓိကအကြောင်းရင်း
ဖြစ်တယ်။
ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊
နောက်ပြီးတော့ ကောသလတိုင်းက
ကောသလ ဘုရင်ကြီး နန်းလုခံရတာ၊
အဇာတသတ်က အဖေကို သတ်ပြီးတော့
နန်းလုတယ်။ ကောသလတိုင်းမှာ
ကောသလဘုရင်ကို နန်းချပြီးတော့
ဝိဋဋူဘက နန်းလုတယ်၊
Power sharing-မလုပ်လို့။ ဝေသာလီ
ကျတော့ လိစ္ဆ၀ီမင်းတွေက
"ဝေသာလိယာ လိစ္ဆ၀ီရာဇာနော ၀ါရေန
ရဇ္ဇံ ကာရေသုံ"-ဆိုပြီးတော့ ဘုရင်ကို
လေးနှစ် တစ်ကြိမ်, လေးနှစ် တစ်ကြိမ်
ပါလီမန်လွှတ်တော်ထဲကနေ ရွေးပြီးတော့
ဘုရင်ကို တင်မြှောက်သွားတာကို
တွေ့ရတယ်။ ဝေသာလီမှာ ရာဇဂြိုလ်ရဲ့
ဖြစ်ရပ်မျိုး ကောသလတိုင်းမှာမျိုး တခါမှ
မဖြစ်ခဲ့ဘူး။

အဲဒါကြောင့် ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို
လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေတာကော
ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ်
ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့
ဝေပေးပါ။
ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက်
ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊
ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊
ပညာရေးလေးတွေ ဝေပေးပါ။

Sharing our positions with the poor people။
Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊
poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။
The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ
tension-မှုတွေ လျော့ပြီးတော့၊ the world fighting,
conflicting-တွေလည်း လျော့သွားမယ်။ ဒါနပါရမီဟာ
အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို
အောင်မြင်တယ်။ ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ
ရှိပါတယ်။ Learning the beauty of giving-
ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို
သင်ယူကြပါ။ We should pity on millions of people
who are living under poverty-line- ဆင်းရဲ မွဲတေ
နေကြတဲ့ လူတွေကို များများကြီးကြည့်ပြီးတော့
မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ
မွေးကြပါ။ And suffering from diseases and
ignorance- အ၀ိဇ္ဇာကြောင့် ရလာတဲ့ mental disease၊
ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊
အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို
ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ်
ဒါနပါရမီကို ဖြည့်ကြပါ။

- ( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
ဒေါက်တာဥာဏိဿရ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

10 Feb 2013

ဘုရင့်နောင်၊ အိုင်းစတိုင်း၊ ဒေါ်ခင်မျိုးချစ်နှင့် မြန်မာ့ပညာရေး

ဘုရင့်နောင်၊ အိုင်းစတိုင်း၊ ဒေါ်ခင်မျိုးချစ်နှင့် မြန်မာ့ပညာရေး
Written by ဒေါက်တာမောင်သင်း

ပညာရေးကို ယနေ့လုပ်နေကြသလို ပြဋ္ဌာန်းစာအုပ်ထဲက စာကို သင်ပေးခြင်း၊ စာမေးပွဲအောင်မှတ် ကောင်းအောင် လေ့ကျင့်ခြင်း၊ ပြီးတော့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ဖို့နှင့် အဲဒီကဆင်းလျှင် အလုပ်ကောင်းကောင်းရဖို့လောက်သာ ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့လျှင် ခပ်ညံ့ညံ့ပညာရေး သာ ဖြစ်ပါလိမ့်မယ်။ ထိုအဆင့်မြင့် ကမ္ဘာ့ရွာထဲဝင်ဖို့ နေနေသာသာ ခြံစည်းရိုးနားတောင် ကပ်နိုင်မှာ မဟုတ်ပါ။ "ပညာရေး" ဆိုတာ အကြမ်းဖျင်းအားဖြင့် ကျောင်းသင်ခန်းစာကို အခြေခံပြီး မျိုးဆက်သစ် တိုင်းကို "လူကောင်း၊ လူတော် နိုင်ငံကြီးသားမွေးထုတ်တဲ့ လုပ်ငန်း" ပါ။ "ကောင်း" က ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလ ပြည့်စုံကောင်းမွန်သူ ဖြစ်ရမယ်၊ "တော်" ကမိမိရဲ့ အကျိုးစီးပွားသယ်ပိုးမှုဟာ "ပရ" အကျိုး မထိစေရပါ။ ပြီးတော့ ကိုယ်လုပ်သမျှ သူတစ်ပါး (အသိုင်းအဝိုင်း) မြင့်တက်စေလောက် အောင် စွမ်းဆောင်နိုင်စွမ်း ရှိသူပါ။ ပညာရေးဆိုတာ တစ်ဦးချင်းမှသည် အဖွဲ့အစည်းတစ်ခုလုံးကို ဒီလို "တော်" မျိုး၊ "ကောင်း" မျိုး ပြည့်စုံအောင် လေ့ကျင့်ပေးခြင်းပါ။ နိုင်ငံကြီးသားဆိုသူရဲ့ အမြင့်ဆုံး အရည်အသွေးကတော့ "တာဝန်သိစိတ်၊ တာဝန်ယူစိတ် နှင့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်လို စိတ်" တွေနဲ့ ပြည့်စုံခြင်းပါပဲ။

တာဝန်ကိုလည်း မိမိဘာသာသိပြီး တာဝန်ကိုယူကာ အဲဒီတာဝန်ကို အောင်မြင်ပြီးမြောက် ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့တော့ ပညာရေးက "ခေတ်သစ်သတ္တိ" နှင့် "ခေတ်သစ်ကြောက်စိတ်" တွေကို အထုံဖြစ်အောင် ပါသွားအောင် လေ့ကျင့်ပေးရပါလိမ့်မယ်။ သတ္တိဆိုတာ တာဝန်သိစိတ်၊ တာဝန်ယူမှု နှင့် တာဝန်ကျေပွန်မှုတို့နှင့် ယှဉ်တွဲနေပါတယ်။ ဆရာကြီးဇော်ဂျီကတော့ "သတ္တိဆိုတာ အသိဉာဏ် ပညာ" လို့ ဆိုပါတယ်။ Courage is actually knowledge of what is formidable and what is not formidable. ဆိုတဲ့ ဆိုကရေးတီးရဲ့အဆိုကို ထိထိမိမိ ဘာသာပြန်ထားပါတယ်။ မိုက်ရူးရဲဆိုတာ ပညာနှင့်မယှဉ်ပါ။ ပညာနှင့်ယှဉ်ပါမှ သတ္တိပါ။ ဆရာကြီးက သူ့ရဲ့ပလေးတိုနိဒါန်းမှာ ဆက်ဆိုပါသေး တယ်။ "လုပ်သင့်တာကိုသိပြီး လုပ်ရဲမှ သတ္တိ"၊ ပြီးတော့ "မလုပ်သင့်တာကိုသိပြီး မလုပ်ဘဲရှောင်ရှား ရဲတာကိုလည်း သတ္တိ" လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ ဆရာကြီးရဲ့အဆိုကို ထပ်ဖြည့်ပြီး အနက်အဓိပ္ပာယ် ဖွင့်ချင်ပါတယ်။ မလုပ်တတ်ဘဲနှင့် အထက်လူကြီးက တာဝန်ပေးလို့ဆိုပြီး လုပ်မယ့် အစား၊ ရာထူးယူမည့်အစား ငြင်းဆိုရဲတဲ့ သတ္တိပါ။ မိမိလို မတတ်တဲ့သူ၊ မသိနားမလည်တဲ့သူရဲ့ ရာထူး မက်မှုကြောင့် တိုင်းပြည်နစ်နာမယ်။ အနာဂတ်မျိုးဆက်ကို "နွံတောထဲ တွန်းချမယ်" ဆိုရင် ပိုပြီး ငြင်းပယ်ရဲတဲ့ သတ္တိရှိရမယ်ဆိုတာပါ။

နှစ်ဆယ်ရာစုရဲ့ အထွန်းတောက်ဆုံး လူသားဖြစ်တဲ့ အိုင်းစတိုင်းဟာ ဂျူးလူမျိုးပါ။ ဒုတိယကမ္ဘာစစ် အပြီးမှာ ဂျူးလူမျိုးများရဲ့ နိုင်ငံဖြစ်တဲ့ အစ္စရေးနိုင်ငံ ထူထောင်တဲ့အခါမှာ သူ့ကို သမ္မတလုပ်ရန် တိုက်တွန်းကြ၏။ အိုင်းစတိုင်းက သူသည် သိပ္ပံပညာရှင်မျှသာ ဖြစ်၏။ နိုင်ငံရေးကို နားမလည်ပါ။ မလုပ်ပါရစေနဲ့တဲ့။ မတတ်သော၊ နားမလည်သော အလုပ်ဖြစ်သည့် သမ္မတဟူသော နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးရာထူးကိုပင် ငြင်းရဲတဲ့ သတ္တိပါ။

မြန်မာ့သမိုင်းရဲ့ တောင်ငူခေတ်မှာလည်း သောက်စားမူးယစ်နေသော ဘုရင် တပင်ရွှေထီးကိုသတ်၍ မင်းပြုရန် မှူးမတ်များက အကြံပြုသည်ကို "အစ်ကိုတို့ ဒီအကြောင်း ကျွန်ုပ်သာသိစေ၊ အခြားလူ မသိစေနှင့် ကျွန်ုပ်မလုပ်နိုင်" ဟု "မလုပ်သင့် မလုပ်အပ်တာကို ရာထူးမမက်ဘဲ ငြင်းပယ်ရဲတဲ့ သတ္တိ" နှင့် ပြည့်စုံသူမို့ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်တဲ့ "ဘုရင့်နောင်" ဟူသော မင်းတစ်ပါးအဖြစ် မြန်မာ့သမိုင်းမှာ ထွန်းတောက်ခဲ့တာပါ။ သာမန်လူတွေမက်မောတဲ့ သက်ဦးဆံပိုင် ဘုရင်တာဝန်ကို အလွယ်တကူရနိုင်သော်လည်း "မလုပ်သင့်သော သစ္စာတရားမဲ့သည့်အလုပ်" မျိုးကို ငြင်းရဲတဲ့ သတ္တိ ပိုင်ရှင်ပါ။

သူများနိုင်ငံတွေကိုလည်းကြည့်ရင် ဘယ်တာဝန်ကြီးကတော့ဖြင့် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး နုတ်ထွက်တယ်၊ ဘယ်သူကတော့ ပြည်သူကို ဝန်ချတောင်းပန်တယ်၊ ဘယ်ဝန်ကြီးချုပ်ပေးထားတဲ့ ကတိကို မကျေပွန်လို့ နုတ်ထွက်တယ်ဆိုတဲ့ သတင်းတွေစုံနေအောင် ဖတ်ရတယ်။ လွန်ခဲ့တဲ့ တစ်နှစ် ကျော်က ဂျပန်ဝန်ကြီးချုပ် နုတ်ထွက်ခဲ့တာလည်း အဲဒီသဘောပါပဲ။ သူတက်လာစက "အိုကီနာဝါ ကျွန်းမှာ အမေရိကန်တွေ စခန်းချထားတဲ့ကိစ္စ" ဆောင်ရွက်မယ်လို့ ဂျပန်ပြည်သူတွေကို ကတိပေးခဲ့ပါ တယ်။ ၉ လကြာသည့်အထိ မဆောင်ရွက်နိုင်ခဲ့လို့ နုတ်ထွက်ခဲ့တာပါ။ ကိုယ်ပေးခဲ့တဲ့ ကတိကို သတ္တိ ရှိရှိ တာဝန်ယူတဲ့အနေဖြင့် နုတ်ထွက်ပြလိုက်တာပါ။

မြန်မာ့စာပေလောကမှ လေးစားရတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ပြောင်မြောက်တဲ့ စကား တစ်ခွန်း မှတ်သားဖူးပါသည်။ ဂျပန်ခေတ်မှာ ဆရာမကြီးဟာ လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ စာတွေကို သယ်ပို့ပေးခဲ့ရပါတယ်။ အဲဒီအကြောင်းကို သိတဲ့လူက "ဆရာမကြီး အဲဒီတုန်းက ဂျပန်တွေ နှိပ်စက်မှာ၊ သတ်လို့သေမှာ မကြောက်ဘူးလား" လို့မေးပါတယ်။ ဆရာမကြီးရဲ့ မှတ်သားစရာ အဖြေက "သေမှာကို ကြောက်ပါတယ်၊ ဒါပေမဲ့ သေမှာထက် ခေတ်တစ်ခေတ်မှာ ကိုယ့်ရဲ့ပခုံးပေါ် ရောက်လာတဲ့ သမိုင်းပေးတာဝန်ကို မကျေမှာ ပိုကြောက်လို့ပါ" တဲ့။ ဆရာမကြီးရဲ့စကားဟာ တာဝန် သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ကျေလိုစိတ်တွေက ပေါက်ဖွားလာတဲ့ သတ္တိပါပဲ။

ယခုတလော သတင်းစာထဲမှာ အမြဲမြင်တွေ့နေရတဲ့ သတင်းကတော့ ပါကစ္စတန်က ကျောင်းသူလေး "မာလာယူဆွတ်ဇိုင်း" ရဲ့ သတင်းပါပဲ။ တာလီဘန်တွေ နှိပ်စက်မှု (အထူးသဖြင့် အမျိုးသမီးများ ပညာမသင်ကြားနိုင်အောင် ဆောင်ရွက်မှု) အကြောင်းကို အူရဒူဘာသာနဲ့ ဘီဘီစီက အသံလွှင့်ဌာန အတွက် ရေးသားခဲ့ပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ခေတ်တစ်ခေတ်ရဲ့ ပခုံးပေါ်ကျလာတဲ့ သမိုင်း ပေးတာဝန်ကို မကျေပွန်မှာကိုစိုးတဲ့ ခေတ်သစ် ကြောက်စိတ်မျိုး သူ့မှာ မရှိခဲ့လို့ပါ။ သူ့ဖခင်ဟာ ကျောင်းဆရာတစ်ဦးပါ။ သူ့သမီးထက် စာပိုတော်တဲ့ ကျောင်းသူတစ်ဦးကို ရေးပေးဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းသူက သတ်မယ်လို့ တာလီဘန်တွေ ခြိမ်းခြောက်တာကို ကြောက်ခဲ့လို့ မရေးဖြစ် ပါ။ သူ့သမီး မာလာကတော့ ဒေါ်ခင်မျိုးချစ်ရဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်သူ ကျောင်းသူပေမို့ ရေးခဲ့ပါတယ်။ သေနတ်ဖြင့် အပစ်ခံရပါတယ်။ သို့သော် သူရော၊ သူ့စိတ်ဓာတ်ရော မသေခဲ့ပါ။ တစ်ကမ္ဘာလုံးက ဂုဏ်ပြုခဲ့ပါတယ်။ သူ့ဖခင်ကျောင်းဆရာကြီးဆီက ရခဲ့တဲ့ ကောင်းမွန်တဲ့ ပညာရေးအမွေပါ။

အားလုံးကို ချုပ်လိုက်လျှင် "ကျွန်တော်တို့ရဲ့ ယနေ့ ပညာရေးဟာ သမိုင်းက ပေးအပ်လာတဲ့ တာဝန် ကိုယ့်ပခုံးပေါ်ရောက်လာရင် သတ္တိရှိရှိ ထမ်းဆောင်နိုင်တဲ့ သူတွေနှင့် မထမ်းဆောင်နိုင်တဲ့ သူတွေနှင့် မထမ်းဆောင်နိုင်မှာကို သေမှာထက်ကြောက်တဲ့ သတ္တိရှိသူတွေ မွေးပေးဖို့" အထူးလိုပါပြီ။ ယနေ့ ခေတ်မှာ ပြည်သူကောင်းကျိုးသယ်ပိုးရန် တာဝန်ယူကြသူ အားလုံးရှိရမည့် သတ္တိကတော့ မိမိကိုယ်ကို ခေတ်ဟောင်း၊ စနစ်ဟောင်း အရေခွံခွာချနိုင်တဲ့ သတ္တိပါ။ နိုင်ငံတိုးတက်ရေးကို ဟန့်တားနေတဲ့ စိတ်ဓာတ်ဟောင်းကို ပြောင်းလဲနိုင်စွမ်း ရှိမှသာ ခေတ်ပြောင်း၊ စနစ်ပြောင်းရဲ့ ပခုံးပေါ်ကျရောက်လာ တဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ဘဝရောက်မှာ။ တာဝန်မကျေမှာကြောက်တဲ့ သတ္တိ မရှိရင်တော့ သတ္တိရှိတဲ့သူကို နေရာဖယ်ပေးဖို့လည်း အထူးလိုအပ်ပါလိမ့်မယ်။ ဖယ်ပေးနိုင်စွမ်းသတ္တိ ရှိတာကိုက အောင်နိုင်ခြင်းပါ။ ရှုံးနိမ့်ခြင်းမဟုတ်ပါ။ မြန်မာ့ပညာရေး ညံ့ခဲ့သလား။ ကောင်းခဲ့ သလားဆိုတာ အဲဒါက အဖြေပါပဲ။ မထမ်းဆောင်နိုင်ရင် မထမ်းဆောင်နိုင်ကြောင်း ပြည်သူ့ရှေ့မှာ ပြောရဲတဲ့၊ နုတ်ထွက်ရဲတဲ့ သတ္တိရှိသူတွေ ဒုနဲ့ဒေးနဲ့ ပေါ်ထွန်းလာမှသာ ကောင်းမွန်တဲ့ပညာရေးက လေ့ကျင့်ပေးလိုက်တဲ့ နိုင်ငံကြီးသား၊ အမွန်မြတ်တွေပါ။ အဲဒီစိတ်ထားမျိုး မရှိဘဲ ကိုယ့်အတ္တ အကျိုးကြောင့် မပြောရဲ၊ မဆိုရဲတာလည်း တာဝန်ကို ရှောင်လွှဲတာပါ။ တာဝန်မကျေပွန်တာပါ။ သမိုင်းတရားခံဘဝ ရောက်တာပါပဲ။ ဒါဟာ ခပ်ညံ့ညံ့ပညာရေးက လေ့ကျင့်ပေးလိုက်တဲ့ သားကောင် တွေပါ။ အဲဒီလို နိုင်ငံသားတွေ မများရေးဟာ ပညာရေးရဲ့ အဓိကတာဝန်ပါ။

ကျွန်တော်တို့ပညာရေးက ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ပခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကို မကျေပွန်မှာစိုးတဲ့ ခေတ်သစ်ကြောက်စိတ်လို့ခေါ်တဲ့ သတ္တိမျိုးရယ်၊ မလုပ်တတ်တာကိုငြင်းရဲတဲ့ အိုင်းစတိုင်းလို သတ္တိမျိုးမွေးပေးနိုင်မှ အဆင့်အတန်းရှိပြီး အောင်မြင်တဲ့ ပညာရေးပါ။ ယနေ့ခေတ်ကို က "သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုတဲ့ "သူများရဲ့ ပုံရိပ်မှီသတ္တိ" မျိုး မွေးပေးရမည့် ခေတ်မဟုတ် ပါ။ "သင်ကောင်းရန် ကျွန်ုပ်က အရင်ဆုံး ကောင်းပြပါ့မယ်" ဆိုတဲ့ ကိုယ်ကစပြီး အရင် တာဝန်ယူ၊ တာဝန်ကျေစေရမည်ဆိုတဲ့ သတ္တိမျိုး မွေးပေးရမယ့် ခေတ်ပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသား အားလုံးထဲမှာမှ ပညာရေးမှာ တာဝန်ရှိသူတွေနှင့် ပညာရေးဝန်ထမ်းတွေက အရင်ကောင်းပြရမည့် အချိန်ပါ။ ကျွန်တော်တို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ သတ္တိမျိုးမွေးကိုမွေးရပါမယ်။ မမွေးနိုင်ဘူးဆိုရင် တော့ ပညာရေးရဲ့ သမိုင်းတရားခံဘဝ မရောက်ဖို့တော့ အိုင်းစတိုင်း (မလုပ်တတ်တာ ငြင်းရဲတဲ့) နှင့် ဘုရင့်နောင် (မလုပ်သင့်တာ၊ မလုပ်အပ်တာသိပြီး မလုပ်ရဲတဲ့) တို့လို သတ္တိမျိုးရှိဖို့ လိုပါပြီ။ ဒါမှသာ ကျွန်တော်တို့ လေ့ကျင့်ပေးလိုက်တဲ့ မျိုးဆက်သစ်တွေဟာ "တော်"၊ "ကောင်း" ပြီး ပရအကျိုးသယ်ပိုး လိုတဲ့ "ခေတ်သစ်သတ္တိနှင့် ခေတ်သစ်ကြောက်စိတ်" ပြည့်ဝတဲ့ နိုင်ငံကြီးသားတွေ ဖြစ်ကြမှာ။ အဲဒီလို နိုင်ငံကြီးသားတွေ ပြည့်လျှမ်းမှ "ငြိမ်းချမ်းသာယာမှု"၊ "လွတ်လပ်မှု"၊ "တရားမျှတမှု"၊ "တန်းတူအခွင့် အရေးရှိမှု" တွေ ခညောင်းတဲ့ မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်မှာ။



ဒေါက်တာမောင်သင်း

The Politics Journal

No.2, 31. Jan.2013



NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

15 Jan 2013

အရေးကြီးသည့် အင်္ဂလိပ်စကားပြော လျှို့ဝှက်ချက် ၅ ချက်

လျှို့ဝှက်ချက် (၁)
တွေးတောခြင်း မပြုပဲ အင်္ဂလိပ်စ

ကားကို အလိုအလျှောက်ပြောခြင်း စကားလုံးများသည် မိမိ၏ ပါးစပ် အတွင်းမှ အလိုအလျှောက်လွယ်ကူစွာထွက်လာခြင်းတို့သည် ကျွန်တော်တို့ အင်္ဂလိပ်စကားပြော လေ့လာသူတိုင်း၏ ပန်းတိုင်ပင် ဖြစ်ပေသည်။အဖြေမှာ . You understand instantly. ထိုကဲ့သို့ ပြုလုပ်ရန် ကျွန်တော်တို့၏ အင်္ဂလိပ်စာ လေ့လာခြင်းနည်းလမ်းကို ပြောင်းရန် လိုအပ်ပေသည်။ပထမဆုံး လုပ်ရမည့် အချက်မှာ English words တွေကို လေ့လာခြင်း အလုပ်ကို ရပ်တန့်ဖို့ပါပဲ။ဒါဟာ မှန်ကန်တဲ့ အချက်ပါပဲ။ words တွေကို မမှတ်သားသင့်ပါ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရဲ့ ပညာရေး စနစ်ကို စတင်ပြောရပါလိမ့်မယ်။ ကျွန်တော့်တို့ ပညာရေးစနစ်ဟာ factory English learning system ပါပဲ။text book ထဲမှ vocabulary များအားကျက်ခြင်း meaning ကျက်ခြင်းတို့ကို ကျွန်တော် တို့ နှစ်ပေါင်း တော်တော်ကြာကြာ လုပ်ခဲ့ကြပြီးပါပြီး။သို့သော်…ကျွန်တော်တို့သည် ဒီလောက်များပြားလှသော words တွေကို တကယ့်အပြင် လက်တွေ့ဘ၀တွင် အသုံးမပြုနိုင်ပေ။ထိုများပြားလှသော စကားလုံးမျာသည် ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲတွင် လွယ်ကူစွာ ပျက်ပြယ်သွားသောကြောင့်ပင်ဖြစ်သည်။ဘာကြောင့် လွယ်ကူစွာ ပျက်ပြယ်သွားရသလဲ ဆိုတာကတော့ ကျွန်တော်တို့တွေသည် text book English ထဲက individual words တွေရဲ့ meaning တွေကိုပဲ လေ့လာခဲ့ကြလို့ပါပဲ။ native speaker တွေဟာ words တွေကို မှတ်မိခြင်းအားဖြင့် မလေ့လာကြပါ။သူတို့ဟာ phrases တွေကို လေ့လာကြပါတယ်။ what is a phrase? Phrases ဆိုတာ သဘာဝအတိုင်း အလိုလို တွဲထားသော words အစုတွေပင် ဖြစ်ပါတယ်။phrases တွေကို လေ့လာခြင်းအားဖြင့်တခြားအကျိုးသက်ေ၇ာက်မှုကတော့ vocabulary နဲ့ grammar ကိုပါ လွယ်ကူစွာ သူ့အလိုလို လေ့လာသွားတာပါပဲ။ phrases လေ့လာတဲ့ သူသည် grammar လေ့လာတဲ့သူထက် အင်္ဂလိပ်စကားကို ပိုပြောနိုင်ပါတယ်။ ထိုကြောင့် စာပိုဒ်တစ်ပိုဒ် ဒါမှမဟုတ် Newspaper တွင် ကျွန်တော်တို့ မသိသော word တစ်ခု တွေ့တိုင်းတွေ့တိုင်း သူ့ဘေးတွင် ကပ်လျှက်ရှိသော စာလုံးများ ဒါမှမဟုတ်..sentence တစ်ခုလုံးကို မိမိ၏ note book ထဲတွင် မှတ်သားထားသင့်ပေသည်။ထိုကဲ့သို့ ပြုလုပ်ရန် phrases များ စုဆောင်းရန်အတွက် note book သီးသန့် တစ်အုပ် ထားရှိသင့်ပေသည်။ကျွန်တော်တို့ အရင်လေ့လာတဲ့စနစ်က word တစ်ခုခြင်းစီရဲ့ meaning ကိုပဲ လေ့လာခဲ့ကြတဲ့ စနစ်ပါ။ အခုလေ့လာတဲ့စနစ်က phrases ( groups of words ) တွေရဲ့ meaning ဒါမှမဟုတ် sentence တစ်ခုလုံးရဲ့ meaning ကို လေ့လာတဲ့စနစ်ပါပဲ။ဒါဟာ အင်္ဂလိပ်စကားကို second language အနေနဲ့ သင်ယူနေတဲ့ သူတွေအတွက်တော့ natural learning system ပါပဲ။အဓိက အချက်ကတော့ မှတ်သားထားသော phrases တွေကို အကြိမ်ကြိမ် review လုပ်ပေးဖို့ပါပဲ။



(၁) သင့်အတွက် အသစ်ဖြစ်သော phrases များကို မိမိ၏ note book တွင် မှတ်သားသော အကျင့်ကို ပြုလုပ်ပါ။( phrases နဲ့ clauses များကို ထွေထွေထူးထူး ခွဲခြားနေစရာမလိုပါ။ဥပမာ…the person on the mountain, The book on the bathroom floor, The sweet potatoes in the vegetable bin တို့သည် prepositional phrase ဖြစ်ပါတယ်။in a rude manner,without care,in those days, in all places, in that place,once upon a time စသည်တို့ဟာ adverb phrases များ ဖြစ်ကြပါတယ်။
the history book
the American history book
the illustrated American history book
the recent illustrated American history book
the recent controversial illustrated American history book
the recent controversial illustrated leather bound American history book စသည်တို့ဟာ noun phrases များ ဖြစ်ကြပါတယ်။ noun phrases ဟာ စာလုံးတော်တော် များများ ကို ပေါင်းထည့်နိုင်ပါတယ်။ I love baking cake မှာ baking caking ဟာ gerund phrase ဖြစ်ပါတယ်။I love to bake cake မှာ to bake cake ဟာ infinitive phrase ဖြစ်ပါတယ်။My cake finally baking in the oven , I was free to rest for 30 minutes.မှာ my cake finally baking in the oven ဟာ absolute phrase ဖြစ်ပါတယ်။ Phrases ၁၀ မျိုးရှိပါတယ်။ အထက်ပါ phrases များကို ဥပမာအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ သင် မသိသေးသော အသစ်ဖြစ်သော အသုံးဝင်မယ်ထင်သော phrases များကို သင့်note book မှာ မှတ်သားရာတွင် ဒီ phrases က ဘာအမျိုးအစား ဟော့ဒီ phrases က ဘာအမျိုးအစား လိုက်မှတ်သားစရာမလိုအပ်ပါ။အဲ့လိုမှတ်သားခြင်းအားဖြင့် သင့်ကို ပိုရှုပ်ထွေးစေပါတယ်။ နောက်ပြီး ကျွန်တော်တို့အဲ့လို လိုက်ပြီး မှတ်သားနေဖို့ အချိန်လည်း မရှိလို့ဖြစ်ပါတယ်။တစ်လုံးထက်ပိုသောword group များကို အစုလိုက် အစုလိုက် လိုက်မှတ်ရုံပါပဲ။



(၂) အထက်ပါဖော်ပြခဲ့သော phrases များကို ကျွန်တော်တို့ က stories , newspaper,articles ,easy novels စသည်တို့ကနေ မှတ်သားရမှာပါ။ phrases တော်တော်များများနှင့် ရင်းနှီးနေပြီဆိုလျှင် နောက်တဆင့်အနေနဲ့ audio ကနေတဆင့် မှတ်သားနိုင်ပါတယ်။ ဥပမာ- BBC,CNN,Audio book,Movies, songs စသည့်တို့မှတဆင့် မိမိတို့ အတွက် အသုံးဝင်မည့် စကားလုံးအစုများကို မှတ်သားနိုင်ပါတယ်။ ဒါဟာ super easy English learning system ပါပဲ။ လပိုင်း အနည်းငယ်အတွင်း သင်အင်္ဂလိပ်စကားပြော ဘယ်လောက်တိုးတက်လာသလဲဆိုတာ ကို သင်ဂရုပြုမိမှာပါ။
အောက်ပါ link မှာ ကျွန်တော်တို့ သိထားပြီး ဖြစ်သော အရိုးရှင်းဆုံးသော phrases ၁၀၀၀ ခန့် ကို ဥပမာ အနေနဲ့ သွားရောက် လေ့လာနိုင်ပါတယ်။ pronunciation ပါ ပါဝင်သောကြောင့် လွယ်ကူစွာလေ့လာနိုင်ပါတယ်။
http://www.englishspeak.com/english-phrases.cfm?newCategoryShowed=1
...



လျှို့ဝှက်ချက် (၂)
အင်္ဂလိပ် grammar လေ့လာခြင်းကို ကျွန်တော်တို့ ရပ်တန့်ရပါလိမ့်မယ်။ဒါဟာ အံသြစရာကောင်းတဲ့ အချက်ပါ။အင်္ဂလိပ်စာ လေ့လာတဲ့သူ အများအပြားကတော့ ဒါဟာ ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ဘာကြောင့်မို့လဲ ဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ဟာ အင်္ဂလိပ် grammar တော်တော်များများကို မူလတန်း အလယ်တန်း အထက်တန်း တက္ကသိုလ် နဲ့ အခုအချိန်ထိ ပါ နှစ်ပေါင်းများစွာလေ့လာခဲကြပြီးပါပြီ။ ကျွန်တော်တို့ ကိုယ်ကို ကျွန်တော်တို့ မေးခွန်း ပြန်မေးသင့်ပါတယ်။ ဒါဟာ အလုပ်ဖြစ်ခဲ့ပါသလား။ ကျွန်တော်တို့ အင်္ဂလိပ်စကား ကို လွယ်ကူစွာ ပြောတတ်ပြီလား။အလိုအလျှောက်ပြောတတ်ပြီလား။ ကျွမ်းကျင်စွာပြောတတ်ပြီလား။အင်္ဂလိပ် grammar rules တွေ တော်တော်များများ လေ့လာခဲ့ကြသော ကျွန်တော်တို့ဟာ စကားပြောရာတွင် ကျွန်တော်တို့ရဲ့ စကားများဟာ grammar ကော မှန်ရဲ့လား။ကျွန်တော်တို့ဟာ အခုအချိန်အထိ နှေးဆဲ မှားဆဲပါ။Native speaker တွေဟာ အင်္ဂလိပ် grammar ကို မလေ့လာကြပါဘူး။နောက်ပြီး ကျွန်တော်တို့ မိခင်ဘာသာစကားပြောရာတွင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားရဲ့ grammar ကို စဉ်းစားပြီး ပြောလေ့ရှိပါသလား။English grammar ကို လေ့လာခြင်းသည် ကျွန်တော်တို့သည် English language ကို study လုပ်နေခြင်းမဟုတ်။ English language ကို analyze လုပ်နေခြင်းပင်ဖြစ်တယ်။အင်္ဂလိပ်စာရေးသားရာတွင်တော့ grammar ဟာ အသုံးတည့်ချင် တည့်ပါလိမ့်မယ်။နောက်ပြီးတော့ အင်္ဂလိပ်စာ ရေးသားရာတွင် ကျွန်တော်တို့မှာ ရေးသားမည့်အကြောင်းအရာကို စဉ်းစားနေဖို့ အချိန်ရှိပါတယ်။ မှားသွားရင်လည်း ပြန်ဖျက်ပြီး ပြန်လည် ရေးသားနိုင်ပါတယ်။ စကားပြောရာတွင် ပြောမည့်အကြောင်းအရာကို စဉ်းစားနေဖို့ ကျွန်တော်တို့မှာ အချိန်မရှိပါဘူး။ ကျွန်တော်တို့က တဖက်လူ စကားပြောတာကို မစဉ်းစားပဲနဲ့ ပြန်ပြောတတ်ချင်တာပါ။ ဥပမာ..တဖက်လူက မေးခွန်းတစ်ခု မေးပြီဆိုပါဆို့။ ကျွန်တော်တို့ က အဲ့မေးခွန်းကို active voice နဲ့ ပြန်ပြောလိုက်ရမလား။ passive voice နဲ့ ပြန်ပြောလိုက်ရမလား။future tense သုံးလိုက်ရင် ကောင်းမလား။ဘယ် article ကို သုံးလိုက်ရမလဲ။ ဒီ preposition ကို ဒီလိုထည့်လိုက်ရမလား။adverb ပါ ထည့်လိုက်ရင် ကောင်းမလား။ ဒီ grammar rules တွေကို စဉ်းစားနေဖို့ ကျွန်တော်တို့မှာ အချိန်မရှိပါဘူး။အင်္ဂလိပ် grammar rules တွေကို တွေးပြီး ပြောခြင်းသည် ကျွန်တော်တို့ရဲ့ speaking abilities ကို အလွန်းနှေးကွေးစေပါတယ်။အရေးအတွက် grammar ကို သီးခြားလေ့လာတာတော့ ကောင်းပါတယ်။ grammar is a key. ဆိုတာ စာမေးပွဲအောင်ချင်ကြသော သူတွေအတွက် မှန်ပါလိမ့်မယ်။



လျှို့ဝှက်ချက် (၃)
ဒီအချက်ဟာ အင်္ဂလိပ်စကားပြောလေ့လာရာတွင် central key လို့ဆိုနိုင်ပါတယ်။ဒါကတော့ နားထောင်ခြင်းပါပဲ။ learn with your ears, not with your eyes.စကားကောင်းမွန်စွားပြောနိုင်ဖို့ ကျွန်တော်တို့မှာ လုံလောက်ပြီး ကောင်းမွန်တဲ့ listening practice ရှိရပါမယ်။ ကျွန်တော်တို့ ပြောမည့် natural speechတွေဟာ နားမှ တဆင့်လာသောကြောင့်ပင်ဖြစ်ပါတယ်။အဲ့ဒီမှာ ကျွန်တော်က ပြသနာ စတက်တော့တာပါပဲ။ပြီးခဲ့သော ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံးမှာ ကျွန်တော်တို့ဟာ ဖတ်ခြင်းနဲ့ အချိန်ကုန်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေသည် text book တွေ ဖတ်တယ်။ grammar rules တွေဖတ်တယ်။ စကားပြောတတ်ဖို့ English dialogue တွေဖတ်တယ်။ ကျွန်တော်တို့ဟာ listening skills တော်တော်ကို နည်းခဲ့တာပါ။အခုအချိန်ကနေစပြီး ကျွန်တော်တို့ဟာစကားပြောတတ်ဖို့ listening skills ကို အတော် လေ့လာရတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ English listening skills ကို ကလေးတစ်ယောက်လို သင်ယူရပါလိမ့်မယ်။ ဥပမာ တစ်ခု ပြောချင်ပါတယ်။ US က baby တစ်ယောက်။ သူလည်း အင်္ဂလိပ်စကားကို ပြောတတ်ဖို့သင်ယူရပါလိမ့်မယ်။သူကို အင်္ဂလိပ် text book ပြပြီး သင်ယူခိုင်းလို့ ရနိုင်ပါ့မလား။ grammar ထဲက rules တွေကို ပြပြီးတော့ကော။ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။သူဟာ စကားပြောတတ်ဖို့ ၆ လကနေ တစ်နှစ်အတွင်း နားထောင်ရပါလိမ့်မယ်။နားထောင်ပါ များပြီးသွားရင် သူဟာ word တွေကို တစ်လုံးချင်းစီ စတင်ပြောလာပါပြီ။ နောက်ပြီး groups of words ( phrases ) တွေကိုပါ ပြောတတ်လာမည် ဖြစ်ပါတယ်။ အခုလိုပြောတတ်လာနိုင်တာဟာ listening မှတဆင့်ပါ။
၁ နှစ်ကျော်ပြီး သွားရင် သူဟာ စကားလုံးအတော်များများကို သိနေပြီ ဖြစ်ပါတယ်။ သိုသော် သူသည် စကားကို နည်းနည်ပါးပါးပဲ ပြောနိုင်ပါလိမ့်မယ်။ အဘယ်ကြောင့်ဆိုတော့ listening level is higher than speaking level ဖြစ်လို့ပါပဲ။ ဒါဟာ ကျွန်တော်တို့ မှတ်သားထားရမည့်အချက်ပါ။ကျွန်တော်တို့က ကလေးတွေလို လေ့လာရမှာပါ။ပထမဆုံး နားလည်လွယ်တဲ့ audio တွေကို နားထောင်ရမှာဖြစ်ပါတယ်။ simple audio book, simple audio stories,dialogue audio စသည်တွေပါပဲ။easy listening is a key ပါ။ကျွန်တော်တို့အဲ့လိုနားထောင်ပါ များလေ listening skill တက်လေဖြစ်ပါတယ်။ဥပမာ…ကျွန်တော်တို့ simple audio story တစ်ပုဒ်ကို ၁၀ ခေါက် အခေါက် ၂၀ လောက် နားထောင်ပြီးပြီဆိုပါစို့။ simple story လည်း ဖြစ် အခေါက်ပေါင်းများစွာလည်း နားထောင်ပြီးပြီ ဖြစ်သည်ဆိုတော့ ကျွန်တော်တို့ဟာ အဲ့ဒီ simple story ရဲ့ ၈၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက် နားလည်နေလောက်ပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့ ရာခိုင်နှုန်းတွေဟာ vocabulary အသစ်တွေဖြစ်ပါလိမ့်မယ်။ရာနှုန်းပြည့်နားလည်ဖို့ ဒါဟာ ပြသနာ မဟုတ်ပါဘူး။ storyတစ်ခုလုံး ရဲ့ ၉၀ ရာခိုင်နှုန်းလောက် နားလည်ပြီးပြီ ဖြစ်သော ကျွန်တော်တို့ဟာ ကျန်ရှိတဲ့ မသိသေးသော vocabulary တွေကို ခန့်မှန်းလို့  ရနိုင်နေပြီ ဖြစ်ပါတယ်။ဒီနည်းနဲ့ ကျွန်တော်တို့ဟာ vocabulary တွေကို စုဆောင်းရမှာဖြစ်ပါတယ်။ဒီနည်းအားဖြင့်နားလည်သော vocabulary များသည် dictionary ကိုကြည့်ပြီးမှ နားလည်သော vocabulary တွေထက် မှတ်မိလွယ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ listening ကို focus လုပ်ရပါလိမ့်မယ်။ နေ့တိုင်း နားထောင်ရမှာဖြစ်ပါတယ်။ အခေါက်ပေါင်းများစွားနားထောင်ရမှာဖြစ်ပါတယ်။ပိုနားထောင်ဖြစ်တဲ့သူက ပိုပြောနိုင်ပါတယ်။၁၀ လ ဒါမှမဟုတ် ၁ နှစ်လောက် ပုံမှန်နားထောင်ခြင်းကို လေ့ကျင့်ခြင်း ပြီးပြီ ဆိုလျှင်တော့ ကျွန်တော်တို့ဟာ အလိုအလျှောက်စကားပြောတတ်နေပြီ ဖြစ်ပါတယ်၊



လျှို့ဝှက်ချက် ( ၄ )
ဒီအချက်ကတော့ အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဒါကတော့ လေးနက်စွာလေ့လာခြင်းပါပဲ။ Deep learning is a key to automatic speaking ပါပဲ။Automatic speaking ဆိုတာကတော့ မစဉ်းစားပဲ ပြောခြင်း..ဘာသာမပြန်ပဲ ပြောခြင်း…grammer rules တွေကို မစဉ်းစားပဲ ပြောခြင်း…စကားလုံးများလွယ်ကူစွာ ထွက်လာခြင်း တို့ပါပဲ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ပြောမည့်စကားလုံးများကို ထွေထွေထူးထူး ကြိုးစားစရာမလိုအပ်ပဲ ပြောခြင်းပင်ဖြစ်တယ်။ထို့ကြောင့် လေးနက်စွာ လေ့လာမှုပြုပါ။ deep learning =speak easily ပါပဲ။ကျွန်တော်တို့ ကျောင်းနေဘ၀တွင် deep learning ဆိုတာကို သိပ်မလုပ်ဖြစ်ခဲ့ကြပါ။ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်တို့ ပညာရေး စနစ်ကြောင့်ပါပဲ။ ဥပမာ-ယနေ့ chapter 1 ဆိုပါစို့။ ဆရာက paragraph တွေ ကို ရှင်းပြတယ်။ ဒါက ဒီလို..ဟိုဟာက ဟိုလို။ မြန်မာလို ဘာသာပြန်ပြီး သေသေချာချာရှင်းပြပါတယ်။နောက်နေ့ အဲ့ဒီ chapter 1 နဲ့ပတ်သက်ပြီး exercise တွေလုပ်တယ်။ နောက်နေ့ grammer ဆရာက အဲ့ chapter 1 နဲ့ ပတ်သက်ပြီးတော့ exercise တွေထပ်လုပ်တယ်။နောက်အပတ်ရောက်တော့ chapter 2 ကို ထပ်သွားတယ်……ဒီလိုပဲ ထပ်လုပ်တယ်။ ဒီလိုနဲ့ပဲ စာမေးပွဲ ဖြေကြတယ်။ စာမေးပွဲအောင်တော့ နောက်တစ်တန်း ထပ်တက်တယ်။ ဒီလိုနဲ့ ပဲ ကျွန်တော်တို့တွေ တစ်တန်းပြီး တစ်တန်း တက်ခဲ့ကြတယ်။ကျွန်တော်တို့တွေ ရပ်ကွက်ထဲမှာ ကြားကြရမှာပါ။၁၀တန်းသင်ရိုးကို ဘယ်ဆရာက ဘယ်နှစ်လပြတ်နဲ့ အပြတ်သင်တာ။ဆရာတွေကလည်း အပြိုင်အဆိုင်ပေါ့။အမြန်သင် ပြိုင်ကြတာ။ နောက်တော့ ကျွန်တော်တို့ပဲ အဲ့ဒီဒဏ်တွေ ခံကြရတော့တာပဲ။ ပြီတော့ တက္ကသိုလ် ရောက်တယ်။ တက္ကသိုလ်ကျပြန်တော့လည်း ထိုနည်းအတိုင်းပဲ …..ဘွဲ့ရပြီးတဲ့နောက် သင်ကြားခဲ့သော lesson များဟာ ရေးရေးပဲ မှတ်မိနေတော့ပါတယ်။ အပြင်လောကတွေ အဲ့ဒါတွေ ကို အသုံးပြုဖို့ အတော်ကို အလှမ်းဝေးပါတယ်။ကျွန်တော်တို့ဟာ ဘွဲရဖို့အတွက် ကျောင်းနေခဲ့ကြရတာပါ။ဒါက ကျွန်တော်တို့ ခေတ်အကြောင်းပါ။ အရင်ခေတ်ကတော့ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာ ကို အင်္ဂလိပ်လို သင်တဲ့ခေတ်ပါ။ဒါကြောင့် ကျွန်တော်တို့ဟာ deep learning ဆိုတာနဲ့ အလှမ်းဝေးခဲ့ကြရပါတယ်။လေးနက်စွာ လေ့လာမှုကို ဘယ်လိုလေ့ကျင့်ရမလဲ ဆိုတာကတော့ …မိမိလေ့လာသော phrases ဒါမှ မဟုတ် audio story တွေကို repeating လုပ်ဖို့ပါပဲ။မှန်ကန်သော အပြင်လက်တွေ့ဘ၀တွင် အမှန်တတကယ် အသုံးတည့်သော material တွေကိုသာ repeating လုပ်ဖို့ပါပဲ။ Reapting ကို ဘယ်လောက် လုပ်ရမလဲ..ဆိုတော့ အကြိမ်ပေါင်းများစွာ လုပ်ရပါလိမ့်မယ်။အထပ်ထပ် လုပ်ရပါလိမ့်မယ်။သင်ပြောသော နေ့စဉ်စကားများထဲတွင် ထည့်သွင်းအသုံးပြုနိုင်လာတဲ့အထိ လုပ်ရပါမယ်။ အင်္ဂလိပ်စကားပြော ကို နားလည်တတ်ကျွမ်းသော လူအများကြားထဲ စကားပြောဆိုရာတွင် မိမိ repeating လုပ်ထားသော စကားလုံးများ ထည့်သွင်းအသုံးပြုနိုင်လာတဲ့အထိ လုပ်ရပါလိမ့်မယ်။ယုံကြည့်မှု ထားရှိပါ။ အမှားများ ပြုလုပ်ရန်ကြောက်စရာမလိုသင့်ပေ။လူတွေကသာ သင်အမှားပြုလုပ်သည်ကို အမှန်အဖြစ် ပြုပြင်ပေးနိုင်လို့ပါပဲ။ သင်မှတ်သားမည့် pharases ဒါမှ မဟုတ် simple story တစ်ခုခုကို repeating သုံးလေးခေါက်လောက် လုပ်ပြီး ငါ့တိုးတက်မှု တော်တော်မြန်ဆန်နေပါလား။ငါတော်တော်ဟုတ်နေပါလားဟု မယူဆသင့်ပေ။ ကျွန်တော်တို့ ဦးနှောက်ထဲတွင် စွဲမြဲလာတဲ့အထိ လုပ်ရမှာပါ။IT’S CALLED DEEP LEARNING.ငါ reapting ဒီလောက်လုပ်တာတောင် ပြန်ပြန်ပြီး မေ့နေပါလား တိုးတက်မှုမရှိပါလား တစ်ခုခုများ မှားနေပြီးလားဆိုပြီး စိတ်ဓါတ်မကျသင့်ပါ။ ကျွန်တော်ပြောချင်တာကတော့ NOTHING IS WRONG ပါ။ ဘာကြောင့်မို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ English language ကို second language အနေနဲ့ လေ့လာနေကြလို့ပါပဲ။


နောက်ဆုံးအချက်ကတော့ ယုံကြည်မှုပါပဲ။ကျွန်တ်ာတို့ရဲ့ ယုံကြည်မှုဟာ ကျွန်တော်တို့ရဲ့ အကျိုးရလဒ်ကို အတော်လေး လွမ်းမိုးပါတယ်။လူတွေဟာ အောင်မြင်တဲ့ ယုံကြည်မှုရှိရင် အောင်မြင်လေ့ရှိကြပြီး..ဇဝေဇ၀ါဖြစ်နေရင်တော့ ကျရှုံးတတ်ကြပါတယ်။အတိုချုပ်ပြောရရင်တော့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုစိတ်သည် ကျွန်တော်တို့ရဲ့ learning ability ကို လွှမ်းမိုးတာပါပဲ။သင်အချိန်တိုတိုနဲ့ အောင်မြင်ချင်ရင် positive beliefs ထားရှိရပါလိမ့်မယ်။
ဒါတွေကတော့ negative belief တွေပါပဲ။



English speaking is difficult
* Iʼm not good at English
* Iʼm nervous when I speak English
* I must speak English perfectly every time
* I canʼt make mistakes
* There is only one right answer
* I must memorize and follow all grammar rules
* People from my country canʼt speak English well
* Itʼs impossible to speak English easily and quickly.
အဲ့ဒီ negative belief တွေ ဘယ်ကနေ လာပါသလဲ။လူအများစုအတွက်ကတော့ ဒီ negative belief တွေဟာ ကျွန်တော်တို့ စာသင်ကျောင်းကနေ ဖန်တီးခြင်းခံရပါတယ်။

Teachers force us to memorize grammar rules and take tests. We learn to believe that there is only one right answer for every question. We learn to fear mistakes. In school, We are embarrassed to make mistakes-- and thus We fear speaking.

ဒီလို negative belief တွေနဲ့ ကျွန်တော်တို့တွေ အရွယ်ရောက်လာတာပါ။ဒီ negative belief တွေက ကျွန်တော်တို့ ယုံကြည်မှုတွေကို ဖျက်ဆီးလိုက်တာပါပဲ။အင်္ဂလိပ်စကားကို လွယ်လွယ်ပြောတတ်ဖို့ ဒီ negative belief တွေကို ဖျက်ဆီးရပါလိမ့်မယ်။ကျွန်တော်တို့တွေဟာ These beliefs are wrong! လို့ နေ့စဉ်နေ့တိုင်း အော်ပြောရမှာပါ။ဒီ negative belief တွေကို positive belief တွေနဲ့ အစားထိုးဖို့အတွက် “English speaking is easy!”, “Iʼm a great English speaker!”, and “Perfection equals death!” လို့ မနက်တိုင်း မနက်တိုင်း အော်ပြောသင့်ပေသည်။ယခုလို small action လေးက သင့်ကို နောက်ဆုံးမှာ positive belief ရှိသူအဖြစ် လုံးဝပြောင်းလဲပေးစေပါတယ်။
နောက်ထပ်ယုံကြည်မှုတစ်ခု ရှိပါသေးတယ်။ဒါကတော့ သင့်ရဲ့ လေ့လာမှုကို လုံးဝပြောင်းလဲစေမှာပါ။ အဲ့တာကိုတော့ CANI လို့ခေါ်ပါတယ်။ CANI = CONSTANT AND NEVER-ENDING IMPROVEMENT ( အမြဲတမ်းနဲ့ အဆုံးမရှိသော တိုးတက်မှု ). CANI means that you will speak English very easily by focusing on small improvements every day. Thatʼs right-- SMALL improvements. With CANI, Our goal is to make a very tiny improvement each day.
အမြဲတမ်းနဲ့ အဆုံးမရှိသော တိုးတက်မှု ( CANI) ရချင်ရင်တော့ ကျွန်တော်တို့ဟာ နေ့စဉ်လေ့လာမှုကို ပြုကြရမှာဖြစ်ပါတယ်။



Don’t be afraid to make mistakes. Be confident. People can only correct your mistakes when they hear you make them.
Surround yourself in English. Put yourself in an all English speaking environment where you can learn passively. The best way to learn is through speaking.
Practice every day. Make yourself a study plan. Decide how much time a week you are going to spend studying and stick to it. Establish a routine.
Don’t translate into English from your own language. Think in English to improve your fluency. Talk to yourself…but not on the bus otherwise people will think you have gone crazy!
Nobody likes to hear their own voice, but be brave and try it! Record your voice and listen to your pronunciation and intonation. It will help you to identify your problem areas.
Don’t become too reliant on your dictionary. Your dictionary should be an aid, not your main teacher. Try to guess the meaning of words rather than going straight for your dictionary.
If you get nervous when speaking, take two deep breaths before you say something. You’ll speak better when you feel relaxed.
Learn English with a friend. You’ll have someone you can practice with and you can motivate each other to study.
Idioms can be difficult to memorize, but they are great fun to use and they’ll make your English more colourful.


Read more: အရေးကြီးသည့် အင်္ဂလိပ် စကားပြော လျှို့ဝှက်ချက် ၅ ချက် - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A491146&xgs=1&xg_source=msg_share_topic#ixzz2Cb0FjZu0 


Posted by Thu Aung Ye Nyunt on December 18, 2011 at 7:15 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

သောက

ကျွန်မတို့ ရှေ့က မျိုးဆက်တွေ

ထားရစ်ခဲ့သည့် အမွေအနှစ် အားလုံး

စာပေ၊ နည်းပညာ၊ သယံဇာတ၊

ကိုယ်ကျင့်တရား၊ ဘာသာတရားအားလုံးကို

ကျွန်မတို့ ပိုကောင်းအောင်

ကြိုးစားကြည့်ဖူးပြီလားလို့

ကိုယ်ကိုယ်ကို မေးခွန်းထုတ်ကြည့်မိသည်။

ကျွန်မတို့ ဘာလိုနေသေးသလဲ။

လိုနေတာတွေကတော့ အများကြီးပါ။

လိုမှန်း မသိမှာကိုသာ စိုးရိမ်မိပါသည်။

(ဂျူး)

စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၀၉။

12 Dec 2012

စာဖတ်ခြင်း နှင့် ပိုမိုတိုးတက်သော ဘဝ



စာမတတ်သူသည် တံခါးပေါက်မပါသော အိမ်နဲ့ တူ၏ ။အပြင်သို့ ဘာမှ မမြင်ရ။
စာတတ်ပြီး စာမဖတ်သူသည် တံခါးပေါက်ရှိပါလျှက် မဖွင့်သောအိမ်နဲ့ တူ၏ ။ 
 အသိပညာတံခါးပိတ်လျှက် ရှိ၏ ။ စာဖတ်ခြင်းသည် လူတို့ အတွက်
ကျယ်ပြန့် သော ဗဟုသုတ ၊ အကြားအမြင်ရစေ၏ ။ 
စဉ်းစားဆင်ခြင်နိုင်သော ဥာဏ်ပညာကိုလည်း ဖြစ်စေ၏ ။
                                                                        ( လယ်တွင်းသား စောချစ် )


ရှေးလူကြီးများ၏ ဆိုရိုးစကား အရ "စာမတတ်သူ ၊ စာမဖတ်သူသည် မျက်စိကန်း နေသူဖြစ်သည် '' ဟု ပြောဆိုခဲ့သည်ကို မှတ်သားခဲ့ရ ဖူးပါသည် ။ထိုအပြင့် ''စာအုပ် ၊ စာပေ လူမိတ်ဆွေ '' ဆိုတဲ့ မြန်မာစကားပုံ နှင့်အညီ မိမိတို့အား အရာရာကို သွန်သင်ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင် ဖြစ်ပါသည် ။ '' ဖတ်ပြန်သော်ကား ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ မလိမ္မာလည်း စာပေစကား နေတိုင်းကြားက ထူးခြားလိမ္မာ ရှိသည်သာတည့် '' ဆိုသည့် ရှင်မဟာရဌသာရ၏ ဆုံးမစာပါ အတိုင်း ပညာမရှိသော ဇနီးသည် ၊ မလိမ္မာသော သားသမီးများပင် စာပေစကားကို နေ့တိုင်းကြားဖန်များလာပါက ဗဟုသုတများ ပြည့်စုံလာကာ လိမ္မာရေးခြား ရှိလာမည်ဖြစ်သည် ။

ကျွန်တော်တို့လူငယ်တွေ တစ်နေ့တစ်နေ့အားလပ်ချိန်တွေကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာ အသုံးပြုစေချင်ပါတယ် ။ မည်သူမဆိုယနေ့ ညအိပ်ယာဝင်ချိန်သည် ယနေ့မနက် အိပ်ယာထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ်ပညာ ပိုရှိနေရမည်။ သို့မဟုတ်ပါက လူသားတစ်ဦးအနေနှင့် အကြီးမား ဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည် ဟု လီယိုဗတ်စကာဂလီယာ က ပြောခဲ့ဖူးသည်။ မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။

ဒီအတွက် မည်သို့လုပ်မည်နည်း ................. ?????

တစ်နည်းသာရှိသည် " စာဖတ်ပါ " ။ နေ့စဉ်ဖတ်ပါ ။ စာဖတ်သည် ဆိုရာ၌ ငြင်းခုံဝေဖန်ရန်၊ တစ်ဖက်လူ မှားကြောင်း သက်သေသက္ကာယ ပြရန် သက်သက် အတွက် မဖတ်နှင့်။ ပြောသမျှယုံကြည်ရန်၊ သူဆိုတိုင်း လက်ခံရန်ဖတ်ခြင်းမျိုးလည်း မဖြစ်စေနှင့်။ အလားတူ ပြောစရာဆိုစရာ ရရုံအတွက်မျှလည်း မဖတ်နှင့်။ အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။ စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။ စာအုပ်အမျိုးမျိုးတို့အနက် သမိုင်းကျမ်းတို့သည် ဖတ်သူအား အမြင်ကျယ်စေသည်။ ကဗျာစာဆိုတို့ကမူ ကွန့်မြူးသော ဥာဏ်ဖြင့် ထူးကဲရှုမြင်တတ်စေသည်။ သင်္ချာကား လျင်မြန်သော ဥာဏ်ကို ပေးသည်။ သဘာဝသိပ္ပံသည် ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေပြီး ဒဿနက တည်ကြည်
လေးနက်စေသည်။

ယုတ္တိဗေဒနှင့် ၀စနာလင်္ကာရ(အာဝဇ္ဇန်း) ပညာများကမူ သူတပါးနှင့် ရင်ဆိုင်ယှဉ်ပြိုင် ပြောဆိုနိုင်ပေသည်။ ဖတ်သောစာတို့သည် ဖတ်သူ၏ စရိုက် လက္ခဏာများ အဖြစ်သို့ ကူးပြောင်းကြမြဲဖြစ်၏။ ထိုကြောင့် မည်သည့်စာပေအမျိုးအစားကိုမဆို ဖတ်သင့်ပါတယ် ။အကောင်းနဲ့အဆိုးဆိုတာ အမြဲတွဲလျက်ရှိတာကြောင့် စာဖတ်တဲ့အခါမှာလည်း စာအုပ်ထဲက အကြောင်းအရာများဟာ မိမိရဲ့ အတွေးအခေါ်ကို အဆိပ်အတောက် မဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။ စာဖတ်တဲ့သက်တမ်း ကြာလာတဲ့အခါမှာ ဘယ်လိုစာအုပ်မျိုးက ဖတ်ရှုသင့်သလဲ ၊ ဘယ်လို စာအုပ်မျိုးက မဖတ်ရှုသင့်ဘူးလဲဆိုတာကို စာဖတ်သူဟာ သူ့ အလိုလို သိမြင်လာပါတယ်။ စာဖတ်ခြင်းဖြင့် ဝေါဟာရများ ကြွယ်ဝလာသလို ဘာသာစကားကိုလည်း ကျွမ်းကျင်လာပါတယ်။ စာဖတ်တယ်။ ပြီးလျှင် တွေးတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။

နောက်ဆုံးမှာတော့ ပေးထားတဲ့အချက်အလက်များကို အသုံးပြုပြီးတော့ ဆက်လက်လုပ်ဆောင်သွားတယ်။ ဒီအခြေခံအသိပညာကတော့ ဘာသာရပ်တိုင်းမှာ အတူတူပင်ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ ဘယ်ဘာသာရပ်ကိုမဆို လေ့လာသင်ယူနေတဲ့သူများအတွက် အကျိုးကျေးဇူးများပါတယ်။ ထို့အပြင် စာဖတ်ခြင်းဖြင့် စာရေးခြင်းစွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။ စာဖတ်နေစဉ်မှာ မိမိနဲ့ မကျွမ်းဝင်တဲ့ စာအုပ်ပါအကြောင်းအရာများကို တွေးတောမိတတ်ပါတယ်။ ထိုသို့ တွေးတောခြင်းဟာ ဦးနှောက်ရဲ့ မီးခိုရောင်ဆဲလ်များကိုပါ ပိုမို အသုံးပြုစေတဲ့အတွက် စာဖတ်သူဟာ ပိုမို ထက်မြက်တဲ့သူ ဖြစ်လာပါတယ်။ စာဖတ်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့ အရည်အသွေး တိုးတက်ကောင်းမွန်စေ
တာတင်သာမကပဲ လုပ်ငန်းခွင်မှာလည်း တိုးတက်ကောင်းမွန်စေပါတယ်။ စာအုပ်များထဲမှ ယဉ်ကျေးမှု၊ ဘာသာ၊ စီးပွားရေးများအပြင် အခြားအကြောင်းအရာများစွာကို လေ့လာ သိရှိနိုင်ပါတယ်။

မိမိနဲ့ အတွေးအမြင် ရှုထောင့်မတူညီတဲ့ အာဘော်ကို စာအုပ်ထဲမှာ ဖတ်ရှုရတဲ့အခါမှာ စာရေးဆရာနဲ့ မိမိနဲ့အကြားမှာဒီမတူညီတဲ့ အမြင်ရှုထောင့် ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို စဉ်းစား ဆင်ခြင်မိစေ ပါတယ်။ အဲဒီလို မိမိနဲ့ မတူညီတဲ့ဖက် တစ်ခုကနေ တွေးတော စဉ်းစားမိတဲ့အခါမှာ မိမိရဲ့ စိတ်ဟာလည်း အခြားသူများကို နားလည်လာပြီး ပိုမို ပွင့်လင်းလာပါတယ်။ အခြားသူတစ်ဦးရဲ့ ဖြစ်တည်နေမှုကိုလည်း လေးစား လာတတ်ပါတယ်။ မဂ္ဂဇင်းများ၊ ခေတ်လွန်များ၊ ဘဝသရုပ်ဖော် ဝထ္ထုများ ဘယ်စာကို မဆို ဖတ်ဖို့ပဲ အရေးကြီးပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ခြင်းဖြင့် စာရေးဆရာက ရှုထောင့်တစ်မျိုးမှ တင်ပြထားသော် လည်း စာဖတ်သူက လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ပြီး လွတ်လွတ်လပ်လပ် စိတ်ကူး မျှော်မြင်နိုင်ပါ တယ်။ စာဖတ်ခြင်းဖြင့် ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ် မြင့်မားလာပါတယ်။

စာများများ ဖတ်လေလေ၊ လူအများက မေးတဲ့ မေးခွန်းတွေကို မိမိက ပိုမို ဖြေလာနိုင်လေလေ ဖြစ်လာပြီး နောက်လူအများ မဖြေရှင်းနိုင်သော ပြဿနာများ၊ အမေးပုစ္ဆာများကို မိမိက ဖြေရှင်းလာနိုင် ပါတယ်။ အဲဒီအတွက် မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ရှုတယ်ဆိုရင် စာအုပ်ထဲက ဇာတ်ကောင်များ၊ ဇာတ်လမ်း ဇာတ်ကွက်များကို မှတ်မိတဲ့အလေ့ ဖြစ်လာပြီးနောက် မှတ်နိုင်စွမ်း မှတ်ဥာဏ်ကလည်း ပိုမို ကောင်းမွန်လာပါတယ်။ စာဖတ်တဲ့သူမှာ အများတကာကို ဝေမျှစရာ အကြောင်းအရာများစွာ ရှိနေတတ်ပါတယ်။ စာများများဖတ်လေလေ ဝေမျှစရာတွေက မကုန်နိုင်လေပါပဲ။ နောက်ဆုံး ဘာမှ အကျိုးကျေးဇူး မရှိဘူးပဲ ထားပါဦးတော့။

ဘဝရဲ့ နေ့ရက်တွေမှာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အချိန်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ အကျိုးကျေးဇူးများ လွန်းတဲ့အတွက် အားလပ်ချိန်မှာ စာဖတ်ခြင်း အလေ့အထဟာ မွေးမြူသင့်တဲ့ အကျင့်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတအကြားအမြင်များခြင်း၊ အတတ်ပညာရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ' မည်ကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သကဲ့သို့ပင် စာအုပ်စာပေများစွာ ဖတ်ခြင်းဖြင့် မိမိတို့ဘဝကို ပိုမိုတိုးတတ်ကောင်းမွန်သော ဘ၀ကို တည်ဆောက်နိုင်ကြလိမ့်မည်ဟု ကျွန်တော်ထင်မြင် ယူဆပါသောကြောင့် ကျွန်တော်တို့လူငယ်တိုင်း စာဖတ်ကြပါ လို့ နှိုးဆော်တိုက်တွန်းလိုက်ပါရစေခင်ဗျာ ။

ကိုးကားသော လင့်များ - http://theinzawygn.blogspot.com/
ကိုပဲလေး ဘလော့မှ ကူယူးဖော်ပြသည်။။။။။။။။။

12 Nov 2012

သာသနိကမြေ လှူဒါန်းခြင်း

သာသနာတော်နှစ် ၂၅၅၆ ခုနှစ် ကောဇာ သက္ကရာဇ် ၁၃၇၄ခုနှစ်  သီတင်းကျွတ်လပြည့်ကျော်(၇)ရက် အင်္ဂါနေ့(၆၊၁၁၊၂၀၁၂)နေ့တွင် ဖခင်ကြီး ဦးကြင်+မိခင်ကြီး ဒေါ်ခင်ဌေးမြင့်တို့အား အမှူးထား၍ ကိုခင်မောင်ဦး နှင့်မိသားစု (55,Brook street #apt 7,acton MA 01720,USA)တို့မှ  အင်းစိန်မြို့၊ပိန္နဲကုန်းရပ်၊သီရိလမ်းရှိ မိမိပိုင် စက်ရုံအား ကျောင်းအဖြစ် သီတင်းသုံး သာသနာပြုနိုင်ရန်လှူဒါန်းပါသည်။
ယင်းမြေအား သီရိရတနာ ပညာဗိမာန်ကျောင်းတိုက်ဟု နာမည်တပ်ခဲ့သည်။ ရေစက်ချ လှူဒါန်းပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဟင်္သာတ noble ပရဟိတဆရာတော်မှ ဆောင်ရွက်ပြီး နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌဟင်္သာတမိုးကောင်းဆရာတော်ကြီးမှ ရေစက်ချတရားဟောတော်မူသည်။
 အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးအလှူရှင်ဦးခင်မောင်ဦးမှမိဘများဆန္ဒကို
ဖြည့်သောအားဖြင့် မိမိပိုင်မြေပေါ်၌ သာသနာပြုလုပ်ဆောင်နိုင်ရန်လှူဒါန်းခြင်းဖြစ်ပါသည်။။
 အလှူပစ္စည်းဖြစ်သည့် စက်ရုံမြေအား အလှူခံယူတော်မူကြသော ဟင်္သာတ noble ပရဟိတဆရာတော်
ဦးဉာဏာလင်္ကာရ နှင့် လယ်တီစံ-မဟာစည် ကမ္မဌာနာစရိယ အရှင်ခေမာသိရီလင်္ကာရ တို့အားလည်း အထူးကျေးဇူးတင်ကြောင်လျှောက်ထားခဲ့သည်။ ဆွေမျိုးမိတ်သင်္ဂဟ (၁၀၀)ခန့်တက်ရောက်ခဲ့ပြီး (၁၁)နာရီခန့်တွင် အခမ်းအနားပြီးဆုံးသည်။
 အလှူဖြစ်မြောက်ရန်အားတက်သရော်ကူညီကြသော ဒေါက်တာသူရိန်ထွန်း+ဒေါ်သန္တာစိုး(အိပ်မက်စိမ်းဖိနပ်ဆိုင် မိသားစု) နှင့်ဒေါ်ကြည်ကြည်စန်းနှင့်  ဦးသက်ဝင်းတို့အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။
မိုးကောင်းဆရာတော်ကြီး၊ ဖော့ကန် မင်္ဂလာသီရိ ဆရာတော် ဦးစန္ဒာသီရိဘိဝံသ၊ဦးဣန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒဒစာရနှင့် လယ်တီစံ ဆရာတော်များ ကြွရောက် ချီးမြောက်တော်မူကြသည်။
                                                                                               သီရိရတနာ
                                    

1 Nov 2012

ရဟန်းတော်များ၏ ပညာရေး

ပညာရေးသည် သင်ပေးတာအဓိကလား၊ သင်ယူတာအဓိကလား၊ 
မြန်မာနိုင်ငံ၏ လက်ရှိပညာရေး စနစ်သည် စာမေးပွဲကို ဗဟိုပြုထားသည်။ 
အစိုးရကလည်း စာမေးပွဲကိုဗဟိုပြု၊ 
ဆရာ၊ဆရာမ ကျောင်းသူ ကျောင်းသားမိဘများကလည်းစာမေးပွဲကိုဗဟိုပြု၊ 
စာသင်ခန်းသည် ကျောင်းသူ ကျောင်းသားများ၏ သင်ယူရာဌာနမဟုတ်တော့ဘဲ စာမေးပွဲဖြေရန်လေ့ကျင့်ပေးသောဌာနအဖြစ် ပြောင်းလဲသွားကြောင်း၊
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်ကျောင်းသားများကို 
ဘဝတစ်သက်တာ အသုံးဝင်မည့် ဗဟုသုတနှင့် နည်းပညာများကို ပေးစွမ်းနိုင်ရုံမကစဉ်းစားဆင်ခြင်နိုင်သော ဉာဏ်ကို ပေးသည့် ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ်ကို ကျင့်သုံးကြသောနိုင်ငံများသည် 
'တက်ကြွစွာသင်ယူခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း' 
(Active Learning and Critical Thinking) 
သင်ကြားနည်းစနစ်ကို အသုံးပြုကြကြောင်း 
ဒီလှိုင်းစာစောင်တွင် ဖော်ပြခဲ့သော 
'ဒီမိုကရေစီနှင့် ပညာရေးပြောင်းလဲမှု ကျောင်းသားတွေ ဘယ်လိုသင်မလဲ' 
ဆောင်းပါးတွင် ဒေါက်တာသိန်းလွင် (ပညာရေး) က တင်ပြသွားပါသည်။ 
အထက်ပါ စကားစုသည် ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ကြသော ဘာသာကြီးလေးခု ရှိပါသည်။ 
ထိုအထဲတွင် ဗုဒ္ဓဘာ သာဝင်ဦးရေသည် ၆ဝ ရာခိုင်နှုန်းရှိပါသည်။ 
ရဟန်းတော်ဦးရေနှင့် သီလရှင်၊ အဘိုးအဘွားဦးရေတို့ သည် ခုနှစ်သိန်းခန့်ရှိပါသည်။ ထိုအရေအတွက်ဦးရေတို့ကို ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့က 
ကျွေး မွေးပြုစုစောင့်ရှောက်ထားပါသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးက 
ရဟန်း၊ သီလရှင်၊ ဘိုးဘွားတို့နေ့စဉ် ကျွေးမွေးထားရသည့် ကုန်ကျစရိတ်မှာ (တစ်နေ့တာ) စစ်ကိုင်းတံတားကြီးတစ်စင်းစာမျှလောက်အထိ ရှိကြောင်း သြဝါဒပေးဖူးပါသည်။ ဟုတ်မည်ထင်ပါသည်။

ကောင်းပြီ။ ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကနေ ကျွေးမွေး၊ 
နေရာထိုင်ခင်း၊ အဆောက်အအုံတွေပေး၍ အကိုးကွယ်ခံ အဓိကရဟန်းတော်များနဲ့ သီလရှင်များသည် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကို ဘယ်လို အထောက်အပံ့တွေပေးနေပါသလဲဆိုတာ ဆန်းစစ်ဖို့လိုပါသည်။ 
အကိုးကွယ်ခံ သက်သက်နဲ့နေသွား မည်ဆိုလျှင် 
ကြာလာရင် ပြတိုက်ထဲသွားကြည့်ရမည်ဖြစ်သည်။

ခေတ်သစ်စနစ်သစ်ပြောင်းလဲနေသည့် ဒီမိုကရေစီခေတ်မှာ 
သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေကိုလည်း 
စည်းစနစ်ကျနစွာ စိစစ်ဖို့ လိုလိမ့်မည်ဟု ထင်သည်။ 
ဒါမှသာ အထက်တန်းကျကျ မျက်နှာပန်းလှ လှ ကမ္ဘာ့အလယ်မှာ 
ဗုဒ္ဓဘာသာရယ်လို့ ဝံ့ကြွားနိုင်မည်ဖြစ်ပါသည်။ 
အဲသလိုမှမဟုတ်ဘဲ ဝတ်ချင်သ လိုဝတ်၊ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်သလို ထွက်ဆိုရင်၊ လမ်းဘေးတကာ ဈေးတကာသပိတ်ပိုက်ပြီး အလှူခံနေမည်ဆိုရင် 
ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ မျက်နှာငယ်ရမည်ဖြစ်ပါသည်။

နောက်ပြီး အရည်အချင်းပြည့်သည့် သာသနာ့ ဝန်ထမ်းရဟန်းတော်များကို အခွင့်အရေးတစ်ရပ်ပေးရင် မကောင်းပေဖူးလားဟု တွေးမိသည်။ 
ဥပမာ-နိုင်ငံတော်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်းကဖြစ်စေ၊ 
ပစ္စည်းလေးပါး ပြည့်စုံအောင် ထောာက်ပံ့ပေးသင့်သည်။ 
ပြည်သူလူထုအပေါ် အမြဲတမ်းမှီခိုနေရမည် ဆိုရင်လည်း သဘာဝမကျပေ။ 
ပြည်သူလူထုမှာ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ လုံးပတ်ချာနေရ၍ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်တွေက ဗုဒ္ဓဘာသာဝင်ပြည်သူလူထုကို ဘာတွေလုပ်ပေးနေသလဲဆိုတာ အရေးကြီးသည်။ 
တိုက်ပိတ်ပြီး ရဟန်းတော် အချင်းချင်း စာပေသင်ကြားပို့ချခြင်းဖြင့်လည်း ခရီး မတွင်နိုင်ပေ။ ယနေ့ကာလတွင် B.A၊ M.A၊ Ph.D ဘွဲ့ရ ရဟန်းတော်တွေပေါသော်လည်း 
၎င်းရဟန်း တော်များသည် ဒကာ၊ ဒကာမတွေထံ အလှူခံရင်း ရုန်းကန်နေကြရပါသည်။
သာသနာ့ဝန်ထမ်း ရဟန်းတော်များအနေဖြင့် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့ကို 
တစ်စိတ်တစ်ပိုင်း အနေနဲ့ အားကိုးသင့်၊ အားကိုးထိုက်အောင် လုပ်ငန်းတစ်ခုခုလုပ်ဆောင်ပေးနိုင်ရမည်။
ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးသည်
ပြတိုက်တွင်သွားထားရမည့် ပညာရေးစနစ်ဖြစ် ပါသည်။
 ကမ္ဘာတွင်ဝင့်ကြွားနိုင်အောင် များစွာကြိုးစားဖို့လိုပါသည်။
ဥပမာ-၂ဝဝ၄ ကမ္ဘာအေးမဟာပါသာဏ လိုဏ်ဂူတွင်ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံအစည်း အဝေးကိုကြည့်ရင် 
သာသနဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကိုသိနိုင်ပါသည်။ 
ထိုညီလာခံအ စည်းအဝေးပွဲတွင် 
မည်သည့် တိပိဋကဓရတစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင်တွေမှ 
အင်္ဂလိပ်လို ဝင်ရောက်ဆွေးနွေးသူ မရှိသလောက်နည်းခဲ့သည်။ ရေငုံနှုတ်ပိတ်နေကြသည်များသည်။ 
ထိုအစည်းအဝေးပွဲကို သင်ခန်းစာယူ၍ ယခုအခါ တိပိဋကဓရ ဆရာတော်တစ်ပါးသည် အောက်စ်ဖို့တက္ကသိုလ်တွင် မခံချင်စိတ်ဖြင့် အင်္ဂလိပ်စာသင်ယူနေသည်။ ပညာသင်သည်ဆိုသည်မှာ ကြီးငယ်အချိန်မရွေးပါ။ 
သို့ သော်လည်း လူ့ဘဝသည်အချိန်တိုတောင်းလှပါသည်။
ထိုသို့ခေတ်ရှေ့ရေးကို ကြိုတင်မြင်တော်မူ၍ 
မင်းကွန်းတိပိဋကဆရာတော်ကြီးဦးစီး၍ မန္တလေး၊ ရန်ကုန်တို့တွင် 
နိုင်ငံတော်ပရိယတ္တိ သာသန တက္ကသိုလ်ဆိုပြီးနှစ်ခု တည်ထောင်ခဲ့ပါသည်။ 
နောက်ပေါ် ထွန်းတော်မူလာသည့် တိပိဋကဓရဆရာတော်များ လုပ်ဆောင်ချက်များက မင်းကွန်းဆရာတော်ကြီး နှင့်ယှဉ်လျှင် 
အကောင်အထည် ဖော်နိုင်မှုအားနည်းသည်ဟုမြင်ပါသည်။ 
မင်းကွန်းဆရာတော်ကြီး၏ ခြေလှမ်းကို လိုက်မနင်းနိုင်ရင်
မင်းကွန်းဆရာတော်ကြီး၏ ဂုဏ်သိက္ခာကိုတက်စေမှာမဟုတ်ပါ။

နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်သည် မန္တလေး၊ ရန်ကုန်နှစ်ခုသာရှိ၍ 
ထပ်မံတိုးဖွဲ့ ဖွင့်လှစ်ရန် လိုပါသည်။ ဓမ္မာစရိယ သုံးကျမ်းအောင်ပြီးကာမှ 
တက်ရသည့် I.T.B.M-U ခေါ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ဆိုပြီး တက္ကသိုလ်လည်းရှိပါသည်။ ထိုတက္ကသိုလ်ကတော့ 
ပြည်ပရဟန်းတော်များကို အဓိကရည်ရွယ်၍ ဖွင့်ထားခြင်းဖြစ်ပါသည်။ 
အမေရိကန်၊ ဂျပန်၊ အရှေ့တောင်အာရှမှ ကြွလာသည့် ရဟန်းတော်များနှင့်
မြန်မာရဟန်းတော် အနည်းငယ်တို့ တက်ရောက်နေကြပါသည်။
မန္တလေး၊ ရန်ကုန်တက္ကသိုလ်နှစ်ခုတွင် တက်ရောက်ရမည့် ရဟန်းတော်များသည် 
ပထမကြီးတန်း အောင်၊ အင်္ဂလိပ်စာ ၁ဝ တန်း၊ တက္ကသိုလ် ဝင်တန်းအဆင့်ရှိရမည်ဖြစ်ပါသည်။ တစ်နှစ်ကိုတက္ကသိုလ် နှစ်ခုပေါင်း ၆ဝ ကျော်ကျော်လောက်သာ ဝင်ခွင့်ပေးထားပါသည်။ 
တစ်နှစ်ကို ပထမကြီး တန်းအောင် သံဃာအရေအတွက်က ၅,ဝဝဝ ကျော်နှင့် 
ဓမ္မာစရိယကျမ်းပြီး အရေအတွက်က ၂၅ဝ ကျော်တို့ဖြစ်ပါ သည်။ 
အောင်သည့် အရေအတွက်နဲ့ တက္ကသိုလ်တို့မှာ လုံးဝမျှတမှုမရှိပါ။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကို အခုအချိန်ပြောင်းလဲပြီး 
ခေတ်မီမီ စီမံမည်ဆိုရင် နောက်မကျသေးပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ 
ပညာရေးတွင် ပါဠိပထမပြန်ကစ၍ အင်္ဂလိပ်၊ သင်္ချာတို့ကိုတွဲ၍ သင်သင့်ပါသည်။ 
ယနေ့ မ-ဟ-န ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ထေရဝါဒသြဝါဒစရိယဆရာတော်ကြီး ဦးသျှောင်ဆရာတော်ကြီးနှစ်ပါးတို့မှာ လောကီ (B.A) ဘွဲ့ အသီးသီး 
ရရှိတော်မူ ထားကြသည့် ဆရာတော်ကြီး များဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူလူထုတို့အတွက် တစ်ထောင့်တစ်နေရာက 
အကျိုးရှိစေရန် သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပ
ညာရေးကို အဆင့်မြင့် ပညာရေးအဖြစ် ပြောင်းလဲသင့်ပါကြောင်း ….။
7 DAY NEWS JOURNAL
http://www.dhammagarden.com/http://www.maukkha.org/ မှ ကူးယူဖော်ပြပါသည်။