သာသနာတော်နှစ် ၂၅၅၆ ခုနှစ် ကောဇာ သက္ကရာဇ် ၁၃၇၄ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၇)ရက် အင်္ဂါနေ့(၆၊၁၁၊၂၀၁၂)နေ့တွင် ဖခင်ကြီး ဦးကြင်+မိခင်ကြီး ဒေါ်ခင်ဌေးမြင့်တို့အား အမှူးထား၍ ကိုခင်မောင်ဦး နှင့်မိသားစု (55,Brook street #apt 7,acton
MA 01720,USA)တို့မှ အင်းစိန်မြို့၊ပိန္နဲကုန်းရပ်၊သီရိလမ်းရှိ
မိမိပိုင် စက်ရုံအား ကျောင်းအဖြစ် သီတင်းသုံး
သာသနာပြုနိုင်ရန်လှူဒါန်းပါသည်။
ယင်းမြေအား သီရိရတနာ ပညာဗိမာန်ကျောင်းတိုက်ဟု နာမည်တပ်ခဲ့သည်။ ရေစက်ချ လှူဒါန်းပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဟင်္သာတ noble ပရဟိတဆရာတော်မှ ဆောင်ရွက်ပြီး နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌဟင်္သာတမိုးကောင်းဆရာတော်ကြီးမှ ရေစက်ချတရားဟောတော်မူသည်။
အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးအလှူရှင်ဦးခင်မောင်ဦးမှမိဘများဆန္ဒကို
ဖြည့်သောအားဖြင့် မိမိပိုင်မြေပေါ်၌ သာသနာပြုလုပ်ဆောင်နိုင်ရန်လှူဒါန်းခြင်းဖြစ်ပါသည်။။
အလှူပစ္စည်းဖြစ်သည့် စက်ရုံမြေအား အလှူခံယူတော်မူကြသော ဟင်္သာတ noble ပရဟိတဆရာတော်
ဦးဉာဏာလင်္ကာရ နှင့် လယ်တီစံ-မဟာစည် ကမ္မဌာနာစရိယ အရှင်ခေမာသိရီလင်္ကာရ တို့အားလည်း အထူးကျေးဇူးတင်ကြောင်လျှောက်ထားခဲ့သည်။ ဆွေမျိုးမိတ်သင်္ဂဟ (၁၀၀)ခန့်တက်ရောက်ခဲ့ပြီး (၁၁)နာရီခန့်တွင် အခမ်းအနားပြီးဆုံးသည်။
အလှူဖြစ်မြောက်ရန်အားတက်သရော်ကူညီကြသော ဒေါက်တာသူရိန်ထွန်း+ဒေါ်သန္တာစိုး(အိပ်မက်စိမ်းဖိနပ်ဆိုင် မိသားစု) နှင့်ဒေါ်ကြည်ကြည်စန်းနှင့် ဦးသက်ဝင်းတို့အား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။
မိုးကောင်းဆရာတော်ကြီး၊ ဖော့ကန် မင်္ဂလာသီရိ ဆရာတော် ဦးစန္ဒာသီရိဘိဝံသ၊ဦးဣန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒဒစာရနှင့် လယ်တီစံ ဆရာတော်များ ကြွရောက် ချီးမြောက်တော်မူကြသည်။
သီရိရတနာ

No comments:
Post a Comment