သံဝေဂကထာ
=========
မင်းတို့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ လူဖြစ်ရတာနဲ့ မဖွံ့ဖြိုးမတိုးတက်တဲ့နိုင်ငံမှ
ာ လူဖြစ်ရတာ ဘယ်ဟာက ကောင်းတုန်း? ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ လူဖြစ်ရတာ ကောင်းတာပေါ့၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဆိုတာ
လမ်းတယ်ကောင်းတယ်ကွာ၊ လျှပ်စစ်မီးတွေ လုံလောက်တယ်ကွာ၊ ရေတွေ
လုံလောက်တယ်ကွာ။ မင်းတို့ ဗမာပြည် လမ်းတွေ ကောင်းသလား? (မကောင်းပါဘုရား)
ရေတွေ လုံလောက်လား? (မလုံလောက်ပါဘုရား) အဲဒါတွေ မလုံလောက်သေးတော့ မင်းတို့က
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံလို့ပြောမလား၊
ကဲ ကောင်းပြီ
မင်းတို့ ကထိန်ခင်းတဲ့ ကုသိုလ်က ယူပေးလို့ နောင်ဘ၀မှာ
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ သန်းကြွယ်သူဌေးကြီး ဖြစ်ပြီထားဗျာ၊
အဲဒီသန်းကြွယ်သူဌေးကြီးရဲ့ ခန္ဓာကိုယ်မှာ သေလောက်တဲ့ ရောဂါ စွဲကပ်လာရင်
သူပိုင်ဆိုင်တဲ့ ငွေကြေးက မသေအောင် ကူညီနိုင်ရဲ့လား၊ မင်းတို့
အီရန်ရှာဘုရင်ဆိုတာ ကြားဘူးလား၊ အီရန်ရှားဘုရင်က သူ ဘယ်လောက်ထိ
ချမ်းသာသလဲဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်းနှစ်သောင်း ချမ်းသာတယ်ကွ၊
မင်းတို့ အမေရိကန်ဒေါ်လာ သန်းပေါင်းနှစ်သောင်းဆိုတာ ဗမာပြည်တပြည်လုံး
လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေးလောက် မကဘူး၊ မင်းတို့ ဗမာပြည်
လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေး ၁၉၇၂-ခုနှစ်တုန်းက သန်းပေါင်း သုံးထောင်နဲ့
ခြောက်ရာရှိတယ်ကွ၊ ၁၉၇၂၊ ၈၂၊ ၉၂၊ ၂၀၀၂-ခုဆိုတော့ နှစ်ပေါင်းသုံးဆယ်၊ အဲဒီ
၁၉၇၂ခုနှစ်တုန်းက ဗမာပြည်တပြည်လုံး လှည့်ပတ်သုံးစွဲနေတဲ့ ငွေကြေးဟာ
တရားဝင်ကြေညာတယ်၊ ကျပ်ငွေ သန်းပေါင်း သုံးထောင်ကျော်ရှိတယ်တဲ့၊ ခုနက
အီရန်ရှားဘုရင်ပိုင်တာက ဒေါ်လာငွေ သန်းပေါင်းနှစ်သောင်းကွ၊ ဘယ်ဟာက
များတုန်း၊
မင်းတို့ ဗမာတွေ သိပ်ပြီးတော့ ဘ၀င်မမြင့်နဲ့၊
အီရန်ရှားဘုရင်ပိုင် တယောက်ပိုင်ဆိုင်တဲ့ ငွေကြေးလောက်မှ မင်းတို့ ဗမာပြည်
တပြည်လုံး မပိုင်းဘူး၊
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ အဲသလောက်
ချမ်းသာတဲ့ သန်းကြွယ်သူဌေးကြီးဖြစ်ပြီထား၊ အဲဒီသူဌေးကြီးရဲ့ ခန္ဓာကိုယ်မှာ
သေလောက်တဲ့ ရောဂါစွဲကပ်လာရင် သူပိုင်ဆိုင်တဲ့ ငွေကြေးက မသေအောင်
မကူညီနိုင်ဘူး၊ အခု အီရန်ရှားဘုရင် သေပြီ၊ မရှိတော့ဘူး၊ သူပိုင်ဆိုင်တဲ့
ဒေါ်လာသန်းပေါင်းနှစ်သောင်းကျော်က သူ့ခန္ဓာကိုယ်မှာ ဖြစ်တဲ့ရောဂါကို ပျောက်ကင်းအောင် မကူညီနိုင်ဘူး။
ဒါကြောင့်မို့လို့ ကနေ့လုပ်ကုသိုလ်ကြောင့် အိုဘေးနာဘေူး သေဘေးက မကင်းတဲ့
လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းဆိုတဲ့ လောကီချမ်းသာကို ဆုမတောင်းပါနဲ့၊
အိုဘေး နာဘေးသေဘေးက ကင်းတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရပါလို၏ ဆုတောင်း။ ။
ဆုတောင်နေရုံနဲ့လဲ မရဘူး။ မင်းတို့ ငါတို့ လူ့ဘ၀ လူ့စည်းစိမ်ဆိုတာ
ဘယ်လောက်မှ မကြာဘူး၊ အသက်ရှစ်ဆယ် ကိုးဆယ်ဆိုရင် သေသလား မသေဘူးလား၊
မိုးရွာဘို့ တက်လာတဲ့ တိမ်တွေလိုပဲကွ၊ တိမ်တွေ တခဲနက်တက်လာပြီး
ဗြောင်းဗြောင်း ဗြောင်းဗြောင်းဆို မိုးရွာချ၊ မိုးပေါ်မော့ကြည့် တိမ်တွေ
ရှိသေးလား၊
ကိုင်းလိုက်ဆို ။
လူ့သက်လူ့အိမ် လူ့စည်းစိမ်ကား
မိုးတိမ်လျှပ်နှယ်၊ ပျံ့သောကြယ်မျှ ကြာနွယ်ရေချာက်၊ သေမီးတောက်သို့၊
ချုပ်ပျောက်ခန္ဓာ၊ ကွယ်ရရှာသည်၊ မှန်စွာအနိစ္စပါတကား၊ မှန်စွာဒုက္ခပါတကား၊
မှန်စွာအနတ္တပါတကား။ ။
(၁၃၆၉- စိန်ရတုအထိမ်းအမှတ် သြ၀ါဒ မှ)
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ